AD
AD
AD

အုပ်စု(ခ)မှ ပွဲစဉ်၂ ပွဲစီအပြီးမှာ စပိန်အသင်းက ရမှတ် ၄ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး ပေါ်တူဂီအသင်းကလည်း ရမှတ် ၄ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

play

 

အီရန်အသင်းကတော့ ရမှတ် ၃ မှတ်နဲ့ မော်ရိုကိုအသင်းကတော့ ရမှတ်မရရှိသေးပဲ ရှိနေရာမှာ အဆင့် ၁နေရာမှ စပိန်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ရ လဒ်တူအနေအထားမှာ စပိန်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေရတဲ့ အကြောင်းရင်းက စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

play

 

အကြောင်းကတော့ နှစ်သင်းတွေ့ဆုံစဉ်က တစ်ဖက် ၃ ဂိုးစီ သရေကျထားတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုမှာ တစ်ဦးနဲ့ တစ်ဦး အသာရယူထား နိုင်ခြင်း မရှိသလို ရဂိုးလည်း တစ်သင်းလျှင် ၄ ဂိုးစီရထားပြီး ပေးဂိုးလည်း တစ်သင်းလျှင် ၃ ဂိုးစီ ပြန်ပေးခံထားရတာကြောင့် ရဂိုး၊ပေးဂိုး၊ထိပ် တိုက်တွေ့ဆုံမှုနဲ့ ရလဒ်တို့အားလုံး တူညီနေတဲ့ အနေအထားမှာ စပိန်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ဖီဖာရဲ့ fair play စနစ်နဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အဆိုပါအခြေအနေအားလုံးတူညီနေခဲ့လျှင် ယခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြစ်ဒဏ်တွေကို ကြည့်ပြီးဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ပထမဆုံး အ၀ါကဒ်ပြစ်ဒဏ်တွေကိုကြည့်မှာ ဖြစ်ပြီး တူညီနေပါက အနီကဒ်ပြစ်ဒဏ်တွေကို ဆက်လက် တိုက်ဆိုင် ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါ တယ်။

လက်ရှိမှာ ပေါ်တူဂီအသင်းဖက်က အန်ဒရေ ဆေးလ်ဗား၊ဘရူနိုဟာနန်ဒက်တို့ အ၀ါကဒ်ထိထားပြီး စပိန်အသင်းဖက်က ဘတ်စ်ကွက်တစ်ဦး တည်းသာ အ၀ါကဒ်ထိထားတာကြောင့်လည်း စပိန်အသင်းက fair play စနစ်အရ အသာရခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ နှစ်သင်းစလုံး ရလဒ်ထပ်မံ တူညီနေပြီး အခြားသော ဂိုးကွာခြားချက်တွေပါ တူညီနေအုံးမယ်ဆိုရင် တော့ အုပ်စု ပထမ၊ဒုတိယ တို့ကို အဆိုပါစနစ်နဲ့ ဆုံးဖြတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စပိန်အသင်းက အုပ်စုနောက်ဆုံးပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ပေါ်တူဂီအသင်းကတော့ အီရန်အသင်းနဲ့ ကစားရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD