AD
AD
AD

ဆွစ်ဇာလန်နဲ့ပွဲမှာ ကြမ်းတမ်းစွာ ကစားခြင်းကို ကြိမ်ဖန်များစွာခံခဲ့ရမှုကြောင့် ခြေကျင်းဝတ်ဒဏ် ဖြစ်ခဲ့ရတဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ကော်စတာရီကာနဲ့ ဆက်လက်ကစားရမယ့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

play

 

နေမာဟာ ဆွစ်ဇာလန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဖက်ကစားသမားတွေရဲ့ ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခြင်းကို ၁၀ အထိ ခံခဲ့ရတာဖြစ်ပြီး နှစ်ပေါင်း၂၀ အတွင်း ကမ္ဘာ့ဖလားမှာ ပထမဆုံး လူချကစားခံရမှု အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

အဆိုပါ ပွဲမတိုင်မီ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ကလပ်အသင်းနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရထားခဲ့လို့ ပွဲနားပြီး ၃လလောက် ဆေးကုနေရ တာဖြစ်ပြီး ယခုလို ပထမဆုံး ပြန်လည်ကစားတဲ့ပွဲမှာပင် ကြမ်းတမ်းစွာ ကစားခြင်း ပြန်ခံရတာက ကစားသမားအတွက် အတော်လေး နာကျင် စေခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ဆွစ်ဇာလန်နဲ့ပွဲအပြီးမှာတော့ နေမာဟာ ထော့နင်းထော့နင်းနဲ့ ကွင်းအတွင်း ထွက်ခွာခဲ့ရသလို နောက်တစ်နေ့မှာ ပြုလုပ်တဲ့ အသင်းလေ့ ကျင့်ခန်းကိုလဲ လုံးဝ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂလန်နေ့မှာတော့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လိုက်ပါခဲ့ပေမယ့်လည်း တစ်ဝက်လောက်သာ လုပ်နိုင်ခဲ့ပြီး အိမ်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့တတိယမြောက် လေ့ကျင့်ရေးအစီအစဉ်မှာတော့ အပြည့်အ၀ ပြန်လည်ပူးပေါင်းနိုင်ခဲ့တယ်လို့ သိရကာ ပြစ်ဒဏ် ဘောလေ့ကျင့်မှုတွေကိုလည်း ဂိုးဝင်အောင် တိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

" ကျွန်တော် ဆွစ်ဇာလန်နဲ့ပွဲတုန်းကထက် ပိုကောင်းအောင် ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ကျွန်တော်တို့ အကောင်းဆုံး ကစားမယ်။ဒီပွဲက အသင်းအတွက် အရမ်းအရေးကြီးတဲ့ပွဲလည်း ဖြစ်ပါတယ်။" လို့ နေမာက ပြောပါတယ်။

နေမာရဲ့ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်နေရး ဗီဒီယိုဖိုင်တွေကို ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က တွစ်တာမှတဆင့် ပြန်လည် ဖော်ပြခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

 
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD