AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဒိန်းမတ်အသင်းဟာ အဖွင့်ပွဲအဖြစ် ပီရူးအသင်းနဲ့ ကစားခဲ့ရပြီး ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

play

 

အသင်းမှ နောက်ခံလူ ဂျိုးနက်စ်ကနုဆန်မှာ အဆိုပါ ပီရူးကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ မိခင်ဒိန်းမတ်နိုင်ငံကို ခေတ္တပြန်သွားခဲ့တယ်လို့လည်း သိရပါ တယ်။

play

 

အကြောင်းကတော့ သတ်မှတ်ရက်တော့ တစ်ပတ်ခန့်စောမွေးခဲ့တဲ့ ၎င်းရဲ့ ရင်သွေးသမီးငယ်လေးကို မြင်တွေ့ချင်လို့ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို ကနုဆန် ဒိန်းမတ်ကို ပြန်နိုင်ဖို့အတွက် စင်းလုံးငှားလေယာဉ်ငှားရမ်းစရိတ်ကို အသင်းဖော်တွေကို ၀ိုင်းဝန်းစိုက်ထုတ်ပေးခဲ့ကြတာ ဖြစ် တယ်လို့လည်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် အစ်ဆွစ် ဘယ်နောက်ခံလူ ကနုဆန်ရဲ့ ဇနီးထရင်းက သမီးချောလေးကို မွေးဖွားခဲ့ပြီးနောက် သမီးလေးဝတ်ဖို့ ဒိန်းမတ် ဂျာစီလေးကို တွစ်တာကနေတဆင့် ဖော်ပြထားခဲ့တာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ လူသားဆန်ချင်ပါတယ်။အသင်းမှာ ဖခင်တွေ အများကြီးပါ။ကျွန်တော်တို့ကို ဘောလုံးသမားလို့ မြင်နိုင်သလို လူသားတွေလို့ လည်း မြင်နိုင်ပါတယ်။ကျွန်တော်လည်း အဖေတစ်ယောက်နဲ့ထပ်တည် ခံစားနိုင်ပါတယ်။ခုချိန်မှာ ဂျိုးနက်စ်အတွက်ဘယ်လောက် ခက်ခဲနေမလဲ ဆိုတာကို။ဒါကြောင့် သူ့သမီးလေကို သူမြင်တွေ့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားပေးခဲ့ကြတာ ဖြစ်ပါတယ်။" လို့ ဒိန်းမတ် ဂိုးသမား ရှမိုက်ကယ်က ပြောခဲ့ပါတယ်။

ကစားသမားအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒိန်းမတ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပြီး ဒီကနေ့ ညနေ မြန်မာစံတော်ချိန် ၆ ခွဲမှာတော့ သြစတြေးလျအသင်းနဲ့ အုပ်စု ဒုတိယပွဲအဖြစ် ဆက်လက်ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD