AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန်သောကြာနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ အာဂျင်တီးနားအသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ အုပ်စု D ပွဲစဉ် ၂ အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၉၈ ခုနှစ်က အုပ်စုအဆင့်မှာ ပထမဆုံးတွေ့ဆုံခဲ့။(အာဂျင်တီးနား ၁-၀ ခရိုအေးရှား)

ယနေ့ညတွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်။

04 Jun 1994Croatia v ArgentinaD0-0International Friendly
26 Jun 1998Argentina v CroatiaL1-0FIFA World Cup
01 Mar 2006Croatia v ArgentinaW3-2International Friendly
12 Nov 2014Argentina v CroatiaL2-1International Friendly
21 Jun 2018Argentina v Croatia  FIFA World Cup

 

ပွဲကြိုအချက်အလက်များ

play

 

ခရိုအေးရှားအသင်းနဲ့ကစားတဲ့ပွဲစဉ်တိုင်းမှာ မက်ဆီ ဂိုးသွင်းယူနိုင်ခဲ့။

ခရိုအေးရှားအသင်းက နောက်ဆုံး ၅ ပွဲစလုံးဂိုးသွင်းယူနိုင်ခဲ့။

play

 

ခရိုအေးရှားဝါရင့်နောက်ခံလူ ကော်လူကာဟာ နိုင်ငံအသင်းအတွက် ၉၉ ပွဲကစားပေးထား။

အာဂျင်တီးနားနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် မိုဒရစ်ရဲ့နောက်မှာ ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ဒုတိယကစားသမားဖြစ်လာမှာဖြစ်။

 

နှစ်ဖက်အသင်းသတင်းများ

play

 

အာဂျင်တီးနားအသင်းဟာ ခရိုးအေးရှားအသင်းနဲ့ပွဲစဉ်မှာ ဘိုကာဂျူနီယာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ပါဗွန်ကို ထည့်သွင်းကစားသွားမယ်လို့ နည်းပြ ဆန်ပါအိုလီပြောကြား။

play
Photos: Ragingtopics

 

ခရိုအေးရှားအသင်းရဲ့ကွင်းလယ်ကစားသမား ကိုဗာစစ်က မိမိတို့အသင်းဟာ အာဂျင်တီးနားအသင်းထက်ပိုမိုကောင်းမွန်တာကြောင့် ကြောက်ရွံ့စရာမလိုကြောင်း ပြောကြား။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play
Photos: WDEF

 

အာဂျင်တီးနား(3-4-3)- ကာဘာလယ်ရို(ဂိုး)၊ မာကာဒို၊ အိုတာမန်ဒီ၊ တက်ဂလီယာဖီကို၊ ဆယ်ဗီယို၊ မာရှေရာနို၊ မီဇာ၊ အကူနာ၊ မက်ဆီ၊ အဂူရို၊ ပါဗွန်။

play
Photos: Pressfrom

 

ခရိုအေးရှား(4-3-3)- ဆူဘာဆစ်(ဂိုး)၊ ဗီဒါ၊ ကော်လူကာ၊ စထရီနစ်၊ လော့ဗ်ရန်၊ ဗာဆယ်ဂ်ျကို၊ ရာကီတစ်၊ ဗာဒဲ၊ မိုဒရစ်၊ ပါရီဆစ်၊ ရီဘစ်၊ မန်ဇူကစ်။

 

ပေါမာဆွန်ရဲ့ပွဲကြိုသုံးသပ်ချက်

play
Photos: Talksports

 

အာဂျင်တီးနားအသင်းမှာ ဖိအားတွေဝင်နေပါတယ်။ တော်တော် ခက်ခက်ခဲခဲဖြစ်လာမယ့်ပွဲပါပဲ။ ခရိုအေးရှားအသင်းက ကွင်းလယ်အရမ်းတောင့်တင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အာဂျင်တီးနားအသင်းရဲ့တိုက်စစ်က အရည်အသွေးမြင့်ကစားသမားတွေ များပါတယ်။ ကျွန်တော်ကတော့ အာဂျင်တီးနားပဲ ထင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်( အာဂျင်တီးနား ၂-၀ ခရိုအေးရှား)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD