AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ကမ္ဘာ့လားအုပ်စု C ပွဲစဉ် ၂ အဖြစ် ပြင်သစ်အသင်းနဲ့ ပီရူးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

၁၉၈၂ ဧပြီလက ခြေစမ်းပွဲကစားခဲ့ဖူး။(ပီရူး ၁-၀ ပြင်သစ်)

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံယှဉ်ပြိုင်မှုဖြစ်။

 

ပွဲကြိုအချက်အလက်များ

play

 

ပြင်သစ်အသင်းကို နောက်ဆုံးအနိုင်ရရှိထားတဲ့ တောင်အမေရိကအသင်းဟာ အာဂျင်တီးနားဖြစ်။(၁၉၇၈ ကမ္ဘာ့ဖလား)

ပြင်သစ်အသင်းဟာ တောင်အမေရိကအသင်းတွေနဲ့နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲစလုံး တစ်ဂိုးမှ မပေးခဲ့ရ။

ပီရူးအသင်းဟာ ဥရောပအသင်းတွေနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ တစ်ပွဲမှမနိုင်။( ၂ ပွဲသရေ ၃ ပွဲရှုံး)

နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၇ ပွဲမှာ ပီရူးအသင်း နိုင်ပွဲလုံးဝမရှိခဲ့။(သရေ ၂ ပွဲ ၅ ပွဲရှုံး)

 

နှစ်ဖက်အသင်းသတင်းများ

play

 

ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ခြေချင်းဝတ်ဒဏ်ရာပြဿနာရှိနေပေမယ့်လည်း ပီရူးနဲ့ပွဲစဉ်မှာ ထည့်သွင်းကစားသွားမယ်လို့ နည်းပြဒက်စ်ချမ့်ပြောကြား။ သြစတြေးလျအသင်းနဲ့ပွဲစဉ်က အသုံးပြုခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်မယ်လို့ သိရ။

play

 

ပီရူးနည်းပြ ဂါရီစာက ပြင်သစ်အသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံပြသပြီး အနိုင်ရရှိအောင်ကစားသွားဖို့ အလေးထားသွားမှာဖြစ်ကြောင်းပြောကြား။ ပြင်သစ်အသင်းရဲ့နည်းဗျူဟာကို လေ့လာဆန်းစစ်မှု အကြိမ်ကြိမ်ပြုလုပ်ထားဟု သိရ။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

ပြင်သစ်(4-3-3)- လိုရစ်(ဂိုး)၊ ပါဗက်၊ အမ်တီတီ၊ ဗာရာနီ၊ ဟာနန်ဒက်ဇ်၊ ကန်တေ၊ ပေါ့ဂ်ဘာ၊ မတွီဒီ၊ ဘတ်ပီ၊ ဂရစ်ဇ်မန်း၊ ဂီရော့ဒ်။

play

 

ပီရူး(4-3-3)- ဂဲလစ်စ်(ဂိုး)၊ အက်ဒ်ဗင်ကူလာ၊ ရိုဒရီဂွက်၊ ရာမို့စ်၊ ထရူကို၊ ယိုတန်၊ တက်ပီရာ၊ ကွေဗာ၊ ဖာဖန်၊ ကာရီလို၊ ဂွါရဲရိုး။

 

ပေါလ်မာဆွန်ရဲ့ပွဲကြိုသုံးသပ်ချက်

play

 

ပီရူးအသင်းက ဒီမှာ အခွင့်အရေးအားလုံးကို ရယူထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပြင်သစ်အသင်း အနိုင်ရရှိလိမ့်မယ်လို့ မထင်ပါဘူး။ ဘောလုံးကို နောက်ကနေ ရှေ့ကို ပေးပို့တဲ့နေရာမှာ ပီရူးအသင်းက ကျွန်တော် ဒီပြိုင်ပွဲတစ်လျှောက် မြင်ဖူးသမျှထဲမှာ တော်တော် ကောင်းပါတယ်။ ပြင်သစ်အသင်းက သြစတြေးလျနဲ့ပွဲစဉ်မှာ တော်တော်တက်တက်ကြွကြွပါပဲ။ ဂီရော့ဒ်ကို သူတို့ ပွဲထွက်စာရင်းမှာ ထည့်သွင်းအသုံးပြုဖို့ လိုပါလိမ့်မယ်။ ကျွန်တော် ပီရူးဘက်က ရှိပါတယ်။ ပြင်သစ်ကတော့ မထင်ပါဘူး။ ဒီပွဲကို သရေကျမယ့်ပွဲလို့ ပြောချင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ပြင်သစ် ၁-၁ ပီရူး)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD