AD
AD
AD

အင်္ဂလန်အသင်းရဲ့ နည်းပြဆောက်ဂိတ်က လာမယ့်ပွဲစဉ်တွေမှာ ကစားသမားတွေအနေနဲ့ ဂိုးသွင်းပြီးပါက လေထဲမှာ ခုန်တက်အောင်ပွဲခံဟန်ကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

play

 

အကြောင်းကတော့ အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမား ဒယ်အလီဟာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို မပါဝင်နိုင်ခဲ့ ဘူးလို့ သိရပါတယ်။

play

အလီဟာ ပေါင်ခြံဒဏ်ရာရရှိထားခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာကို ပြီးခဲ့တဲ့ တူနီးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ခံစားခဲ့ရတာ ဖြစ်ပြီး မိနစ် ၈၀ အထိ ကြံ့ကြံ့ခံ ကစားပေးခဲ့တာလည်း တွေ့ရပါတယ်။

play

 

အသ်က ၂၂ နှစ်သာရှိသေးတဲ့ အလီဟာ အင်္ဂလန်အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး နည်းပြ ဆောက်ဂိတ်က လာမယ့် ပနားမား အသင်းနဲ့ ပွဲမှာပါဝင်နိုင်ဖို့ ရှိမရှိ ဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆောက်ဂိတ်ဟာ အလီရဲ့ ဒဏ်ရာကို အင်္ဂလန်အသင်း တည်းခိုရာနေရာရဲ့ အနီးမှာ ရှိတဲ့ ဆေးရုံကိုသွားရောက် ပြသစေခဲ့တဲ့ အထိ ကုသမှု ပေး ထားခဲ့တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း အလီရဲ့ ဒဏ်ရာဟာ ပြိုင်ဖက်ကစားသမားနဲ့ ထိခိုက်မိလို့ရရှိခဲ့တာ မဟုတ်ပဲ နာကျင်အချိန်ပိုမှာ အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းက အနိုင်ဂိုးသွင်းလိုက်ချိန် လေပေါ်ခုန်တက်အောင်ပွဲခံခဲ့လို့ပြန်အကျမှာ အကျမတော်ပဲ ပေါင်ခြံ နာသွားခဲ့တာပဲ ဖြစ်ပါတယ်။

" ကိန်းရဲ့ သွင်းဂိုးကို လေထဲပျံတက်အောင်ပွဲခံခဲ့လို့ဖြစ်ခဲ့ရတာပါ။နောက်ထပ် ဘယ်ကစားသမားကိုမှ ဂိုးသွင်းပြီးရင် လေထဲ ပျံတက် အောင်ပွဲခံ ဟန်ကို ခွင့်မပြုတော့ပါဘူး။" လို့ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်မှာ ပနားမားအသင်းနဲ့ အုပ်စု ဒုတိယပွဲအဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD