AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဂ) ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ သြစတြေးလျအသင်းတို့ ဒီနေ့ညနေ (၆း၃၀) မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပထမပွဲစဉ်ကို အနိုင်ရထားတဲ့ ဒိန်းမတ် နဲ့ ရှုံးနိမ့်ထားတဲ့ သြစတြေးလျတို့ ရင်ဆိုင်ခဲ့တာဖြစ်ပြီး အုပ်စုအဆင့်က လွန်မြောက်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ခဲ့တာနဲ့အညီ ကြည့်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

play

 

အဲရစ်ဆန် ဦးဆောင်တဲ့ ဒိန်းမတ် နဲ့ ဂျီဒီနက်ဦးဆောင်တဲ့ သြစတြေးလျတို့ ကစားခဲ့ကြပြီး ပွဲအစ (၇) မိနစ်မှာတင် ဂျော်ဂျင်ဆန်ရဲ့ ဖန်တီးပေးပို့မှုကတဆင့် အဲရစ်ဆန်က ဒိန်းမတ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒိန်းမတ်အသင်းဟာ အာရှအသင်း သြစတြေးလျကို ဦးဆောင်ကစားနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးကောင်းကို ပွဲချိန်အစောပိုင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။

play

 

play

 

ဒါပေမယ့်လည်း ပွဲချိန် (၃၈) မိနစ်မှာ VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး ကွင်းလယ်ဒိုင်က သြစတြေးလျအသင်းကို ပယ်နယ်တီပြစ်ဒဏ်ဘောပေးခဲ့ပါတယ်။ ဒိန်းမတ်ကစားသမား ပေါလ်ဆင်ရဲ့ ကာကွယ်မှုဟာ လက်နဲ့ထိခဲ့တာဖြစ်ပြီး သြစတြေးလျတို့ ပယ်နယ်တီရရှိခဲ့တာပါ။ ဒီပယ်နယ်တီကို ဂျီဒီနက်ခ်က အပိုင်ကန်သွင်းပြီး ချေပဂိုးရရှိသွားခဲ့ပါတယ်။

play

 

play

 

ဂျီဒီနက်ခ်အတွက်တော့ ဒုတိယမြောက်သွင်းဂိုးဖြစ်ပြီး ပြင်သစ်နဲ့ပွဲမှာလည်း ဂျီဒီနက်ခ်ဟာ ပယ်နယ်တီကတဆင့် ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ သြစတြေးလျအသင်းဟာလည်း နှစ်ပွဲဆက်တိုက် ပယ်နယ်တီရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ သြစတြေးလျအသင်းက ပိုမိုဖိအားပေးနိုင်ခဲ့ပြီး ဒိန်းမတ်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

play

 

play

 

ဒိန်းမတ်အသင်းက အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်နဲ့ရင်ဆိုင်ရမှာဖြစ်တာမို့ အနိုင်ရရှိအောင် ကြိုးစားခဲ့ပေမယ့် ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ သြစတြေးလျအသင်းက ပိုမိုဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒိန်းမတ်အသင်းကတော့ အုပ်စုပွဲစဉ် (၂)ပွဲမှာ လေးမှတ်ရရှိသွားခဲ့ပြီး သြစတြေးလျအသင်းကတော့ တစ်မှတ် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD