AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဂ) ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ ပြင်သစ်နဲ့ပီရူးတို့ရဲ့ ပွဲကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် (၉း၃၀)နာရီမှာ ကစားခဲ့ကြပါတယ်။ ပြင်သစ်အသင်းမှာ တိုက်စစ်မှူး အိုလီဗာဂီရော့ဒ်ပြန်လည်ပါဝင်လာခဲ့ပြီး ဂရစ်မန်းဇ်၊ ဘာပေတို့နဲ့ တွဲဖက်ပြီး ပြင်သစ်ရှေ့တန်းကို တာဝန်ယူခဲ့ပါတယ်။ ပီရူးကလည်း အသင်းခေါင်းဆောင်တိုက်စစ်မှူး ဂွီရဲရိုးကို အထောင်ထားခဲ့ပြီး အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

play

 

ပီရူးအသင်းရဲ့ မြန်ဆန်တဲ့ကစားပုံနဲ့ မာကျောမှုကြောင့် ပြင်သစ်အသင်း အခက်တွေ့ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီး နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပြင်သစ်အတွက် ပေါ့ဂ်ဘာခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ လှပတဲ့ ပေးပို့မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပြင်သစ်အသင်းရဲ့ တိုက်စစ်ပိုင်းကတော့ နားလည်မှုလိုအပ်နေသေးပြီး အသင်းကြီးတွေနဲ့ ရင်ဆိုင်တွေ့ရမယ်ဆိုရင် ပိုမိုပြီး ခက်ခဲလာဖို့ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

play

play

 

ပြင်သစ်အသင်း ကံကောင်းခဲ့တာကတော့ ပေါ့ဂ်ဘာရဲ့ ဖန်တီးပေးမှုကတဆင့် ဂိုးရရှိခဲ့မှုဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်ကို အကောင်းဆုံးဟန့်တားနေခဲ့တဲ့ ပီရူးအသင်း အငိုက်မိသွားခဲ့ပြီး ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကို ဂီရော့ဒ်ကန်သွင်းရာမှာ ဘာပေက အလိုက်သင့် ပိတ်သွင်းယူသွားခဲ့တဲ့ ဂိုးကို ပွဲချိန် (၃၄) မိနစ်မှာ ပြင်သစ်အသင်းရရှိသွားခဲ့ပါတယ်။

play

 

ပီရူးအသင်းအနေနဲ့လည်း ဂိုးပြန်လည်ရရှိဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဂိုးကံခေခဲ့ပြီး ဒုတိယပိုင်း မိနစ် (၆၀)ကျော်မှာ ရရှိတဲ့အခွင့်အရေးဟာလည်း တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပီရူးဟာ အုပ်စုပွဲစဉ် (၂)ပွဲလုံးမှာ သူတို့အသင်းရဲ့ မှန်ကန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းအားနည်းမှုကြောင့်သာ ရလာဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပြင်သစ်ကတော့ (၂)ပွဲဆက် အနိုင်ကြောင့် အုပ်စုအဆင့်က တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ရဲ့ ခြေစွမ်းဟာ ထင်သလောက်ကောင်းမွန်ခြင်း မရှိသေးပဲ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ပိုပြီးအခက်တွေ့ရဖွယ် ရှိနေခဲ့ပါတယ်။ ပီရူးကတော့ အီဂျစ် နဲ့ မော်ရိုကိုတို့အပြီး အိမ်ပြန်စောခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

play

 

အုပ်စု (ဂ)မှာတော့ ပြင်သစ်က (၂)ပွဲကစားပြီး ရမှတ် (၆)မှတ်နဲ့ ဦးဆောင်နေခဲ့ကာ ဒိန်းမတ်က (၄) မှတ်၊ သြစတြေးလျက (၁) မှတ်နဲ့ ပီရူးကတော့ အမှတ်မရရှိပဲ အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် ပြင်သစ်နဲ့ဒိန်းမတ်၊ သြစတြေးလျနဲ့ပီရူးတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး သြစတြေးလျအတွက်တော့ မျှော်လင့်ချက် ခပ်ပါးပါးလေး ရှိနေပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD