AD
AD
AD

အာဂျင်တီးနားကစားပုံကိုကြည့်ရတာ တော်တော်လေး စိတ်ပျက်ဖို့ကောင်းသည်။ Aggressive ဖြစ်သော ကစားသမားက မရှိ။ ထိပ်တန်းကွင်းလယ်ကစားသမားလည်း မရှိ။ ၃-၄-၃ ကစားကွက်နဲ့ ပွဲထုတ်လာသည့်အသင်းမှာ ကစားသမား (၅) ဦးလောက်က သာမာန်အဆင့်မှာသာ ကစားပြနိုင်ခဲ့သည်။ ခရိုအေးရှားက မိုဒရစ်နှင့်ရာကီတစ်တို့လို ထိပ်တန်းကွင်းလယ်လူတွေအားဖြင့် ကစားခဲ့ပြီး ရှေ့တန်းမှာတော့ လုပ်အားနှုန်းကောင်းသည့် မန်ဇူကစ် ပါဝင်ခဲ့သည်။

play

 

ပွဲစတာနဲ့ ခရိုအေးရှားက ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့သည်။ ပါရီဆစ်ရဲ့ ဧရိယာအတွင်းမှ ဘယ်ခြေကန်ချက်ဖြင့် ဂိုးရလုနီးနီးဖြစ်ခဲ့ကာ အာဂျင်တီးနားကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ကွင်းလယ်အသာစီး သိသိသာသာရယူနိုင်ခဲ့ပြီး ခရိုအေးရှားက ဦးဆောင်ကစားနေသည့် မြင်ကွင်းက အာဂျင်တီးနားပရိသတ်တွေအတွက် တော်တော်လေးကို ဆိုးရွားသည့် ခံစားချက်ဖြစ်လာမှာ သေချာသည်။

play

 

အာဂျင်တီးနားတိုက်စစ်ပိုင်း ဆိုးရွားမှုက အံ့သြဖို့ကောင်းသည်။ မက်ဆီ၊ အဂွဲရိုးတို့ ပါဝင်သည့် တိုက်စစ်ပိုင်းက ပထမပိုင်းမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့။ ဂိုးသမားမရှိသည့် ဂိုးပေါက်ကို အန်ဇိုပီရက်ဇ်ကန်သွင်းတာ ဂိုးပေါက်ပင်မတည့်ပဲ စိတ်ပျက်စရာ ကောင်းလောက်အောင်ကို လွဲချော်ခဲ့သည်။ မက်ဆီကိုယ်တိုင်လည်း ဂိုးပေါက်ကန်သွင်းမှု လက်ငါးချောင်းမပြည့်ခဲ့အောင်ထိကို အာဂျင်တီးနားကစားပုံနဲ့ တိုက်စစ်ပိုင်းက ညံ့ဖျင်းလွန်းခဲ့သည်။

play

 

အိုက်စလန်နဲ့ပွဲအပြီး မာရာဒိုနာက ဆမ်ပါအိုလီရဲ့ နည်းဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သည်။ ဆမ်ပါအိုလီကိုယ်တိုင်လည်း သူ့အသင်းအတွက် အကောင်းဆုံးလူစာရင်းကို ဘယ်လိုထုတ်ရမလဲဆိုတာကို မသိသေး။ ပွဲကစားမည့်နေ့အထိ အသင်းလူစာရင်းနဲ့ ပတ်သက်ပြီး သူကိုယ်တိုင် နဝေတိမ်တောင်ဖြစ်နေခဲ့ပြီး ဘာလုပ်လို့ လုပ်ရမလဲမသိကာ ဗျာများနေခဲ့ပုံရသည်။

play

 

play

 

ပွဲချိန်တွင်း အပြောင်းအလဲမှာလည်း ဆမ်ပါအိုလီ ထူးထူးခြားခြား ဘာမှမလုပ်ပြနိုင်ခဲ့တာကို တွေ့ရသည်။ အစစအရာရာ အားနည်းနေခဲ့သည့် အာဂျင်တီးနားကို မြင်တွေ့ခဲ့ရပြီး ဂိုးပေါက်ရှာတွေ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဆိုသည့် ခံစားချက်မျိုးကိုသာ ပေးစွမ်းနိုင်ခဲ့သည်။ ကာဘယ်လာရိုရဲ့ မမှားသင့်သည့် အမှားကတဆင့်  (၅၃) မိနစ်မှာ ရီဘစ်က ဂိုးသွင်းယူလိုက်သည်။ ဒီမတိုင်ခင်ကတည်းက ဆမ်ပါအိုလီရဲ့ မျက်နှာက ဆီးရွက်လောက်သာ ရှိခဲ့ပြီး ဂိုးပေးလိုက်ရချိန်တွင်တော့ အာဂျင်တီးနားတစ်သင်းလုံး ပျာယာခတ်သွားခဲ့ပြီး စိုးရိမ်စိတ်များသွားခဲ့သည်ကို တွေ့ခဲ့ရသည်။

play

 

play

 

မိနစ် (၈၀) မှာတော့ မိုဒရစ်က ဧရိယာထိပ်ကနေ လှလှပပကန်သွင်းပြီး ဒုတိယဂိုး ရယူလိုက်သည်။ ကန်မည်မှန်းသိသိနှင့် ဖိအားပေးဖို့ ပျက်ကွက်ခဲ့သည့် အာဂျင်တီးနားနောက်တန်းကစားပုံက စုတ်ချာလွန်းခဲ့သည်။ နောက်တန်းကစားသမား (၅) ယောက် ရှိနေခဲ့ပြီးနောက် မိုဒရစ်က သူ့ပုံစံအတိုင်း ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ကန်ချက်ပြင်းပြင်းဖြင့် ကန်သွင်းယူခဲ့တာဖြစ်သည်။ မိနစ် ကိုးဆယ်မှာတော့ ခရိုအေးရှားက တတိယဂိုး ရရှိခဲ့ပြီး ကိုဗာဆစ်ရဲ့ ဖန်တီးပေးမှုမှတဆင့် ရာကီတစ်က ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

play

 

play

 

ခရိုအေးရှားကတော့ ရမှတ် (၆) မှတ်ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်သည်။ အာဂျင်တီးနားကတော့ အုပ်စုနောက်ဆုံးပွဲအဖြစ် နိုင်ဂျီးရီးယားနဲ့ ကစားရမည်ဖြစ်ပြီး အသင်းရဲ့ အလားအလာက ပြိုင်ဘက်အသင်းများရဲ့ ရလာဒ်ပေါ်တွင် မူတည်နေခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် နိုင်ဂျီးရီးယားကို မဖြစ်မနေအနိုင်ကစားရတော့မည်လည်း ဖြစ်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD