AD
AD
AD

ခရိုအေးရှားအသင်းကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး နောက်တစ်ဆင့်တက်ရောက်ရေး မျှော်လင့်ချက် မှေးမှိန်ခဲ့ရတဲ့ အာဂျင်တီးနားအသင်းရဲ့ အသင်း ခေါင်းဆောင်တိုက်စစ်မှူး မက်ဆီအနေနဲ့ ယခု ကမ္ဘာ့ဖလားပွဲပြီးရင် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူတော့မယ်လို့ သတင်းထွက်ပေါ်လာ ပါတယ်။

play

 

မက်ဆီဟာ ခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ယခုလို အနားယူတော့မယ်လို့ သတင်းထွက်ပေါ်လာတာဖြစ်ကာ အသင်းဖော်ဟောင်း ဇာဘလတ္တာက ထုတ်ဖော်ပြောလာတာလည်း ဖြစ်ပါတယ်။

play

မက်ဆီဟာ လွန်ခဲ့တဲ့ ၂နှစ်ကလည်း နိုင်ငံအသင်းက အနားယူပြီလို့ ထုတ်ဖော်ပြောကြားမှု တစ်ရပ်ပြုလုပ်ခဲ့ဖူးပေမယ့်လည်း ပြန်လည် ကစားခဲ့ သူလည်း ဖြစ်ပါတယ်။

play

 

" မက်ဆီရဲ့ ခံစားချက်ကို အရမ်းနားလည်ပါတယ်။ဒီအချိန်က သူ့အတွက်အာဂျင်တီးနားအသင်းနဲ့ တစ်ခုခု စွမ်းဆောင်နိုင်ဖို့ ကျန်နေတော့တဲ့ တစ်ခုတည်းသော ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ဒါပေမယ့်လည်း သူ့ရဲ့ နိုင်ငံအသင်းကနေ အနားယူပြီဆိုတဲ့ သတင်းကိုတော့ မကြားပါရစေနဲ့။" လို့ ဇာဘလတ္တာက ပြောခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်းဟာ ပွဲချိန် ၅၃ မိနစ်မှာ ဂိုးသမားရဲ့ အမှားကနေ ပေးဂိုးပေးလိုက်ရတာဖြစ်ပြီး ဂိုးပေးလိုက်ရချိန်မှာ မက်ဆီရဲ့ မျက်နှာ အမူ အရာတွေဟာ အင်မတန်မှ အားလျော့ မှေးမှိန်နေတာကိုလည်း မြင်တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။

" လက်ရှိပွဲရှုံးလို့ စိတ်ညစ်နေကြတဲ့ ကစားသမားတွေထက် အာဂျင်တီးနား တစ်နိုင်ငံလုံးက ပိုပြီး ဒေါသထွက် စိတ်ပျက်နေကြမယ်လို့ ယုံကြည် ထားပါတယ်။သူတို့ ဒါကို လုံးဝ လက်မခံနိုင်ကြဘူး ဖြစ်နေကြပါတယ်။" လို့ ဇာဘလတ္တာက ဆက်လက်ပြောပါတယ်။

မက်ဆီဟာ ခရိုအေးရှားအသင်းနဲ့ ပွဲမစတင်ခင် ကွင်းအတွင်းသို့ ၀င်လာချိန်ကတည်းက ခေါင်းငိုက်စိုက်ချကာ စိတ်ပျက်လက်ပျက် ရှိနေဟန်ပြုမူ နေခဲ့တာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာဖြစ်ပြီး အသင်းခေါင်းဆောင်တစ်ယောက်အတွက် အရေးအကြီးဆုံးအချိန်မှာ အသင်းသားတွေ ကို စိတ်ဓာတ်မမြှင့်တင်နိုင်ခဲ့တာကိုလည်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကတော့ အုပ်စုလက်ကျန်ပွဲအဖြစ် နိုင်ဂျီးရီးယားအသင်းနဲ့ ကစားရဖို့ရှိနေပြီး နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်အ အတွက် မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD