AD
AD
AD

ရီးရဲမက်ဒရစ်နောက်ခံကစားသမားဟောင်း အာဘယ်လိုအာက လူကာမိုဒရစ်ကသာ ကမ္ဘာ့အကောင်းဆုံးကျောနံပါတ် ၁၀ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play
Photos: Fotmob

play
Photos: News365

 

ခရိုအေးရှားအသင်းရဲ့အဓိကကွင်းလယ်ကြယ်ပွင့်ကစားသမား မိုဒရစ်ဟာ အာဂျင်တီးနားအသင်းကို ယနေ့နံနက်က ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခရိုအေးရှားကွင်းလယ်ကို ဦးဆောင်နိုင်ခဲ့ပြီး ကိုယ်တိုင်လည်း ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လူကာမိုဒရစ်ဟာ အာဂျင်တီးနားအသင်းနဲ့ပွဲစဉ် ဒုတိယပိုင်း မိနစ် ၈၀ မှာ ပင်နယ်တီဧရိယာထိပ်ကနေ အဝေးကန်သွင်းချက်နဲ့ လှလှပပ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

play
Photos: RT.com

 

အာဂျင်တီးနားအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ခြေစွမ်းပြသဖို့ ရုန်းကန်နေရချိန်မှာ မိုဒရစ်က အကောင်းဆုံးပုံစံပြသခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းမှာ ၇ ရာသီကြာကစားခဲ့တဲ့ နောက်ခံကစားသမားဟောင်း အာဘယ်လိုအာက မိုဒရစ်ကသာ ကမ္ဘာ့အကောင်းဆုံးကျောနံပါတ် ၁၀ ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

play
Photos: Hala Madrid

 

"ကမ္ဘာပေါ်မှာ အကောင်းဆုံးကျောနံပါတ် ၁၀ လူကာမိုဒရစ်"လို့ သူ့ရဲ့တွစ်တာမှာ မိုဒရစ်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ မိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ၁၆ သင်းအဆင့်ကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD