AD
AD
AD

ခရိုအေးရှားအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး မက်ဆီအပေါ် ဝေဖတ်နေကြတဲ့သူတွေကို အာဂျင်တီးနား နည်းပြ ဆမ်ပါအိုလီက ပြန်လည် တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။

play

 

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီမှာလည်း အကန့်အသတ်နဲ့သာရှိပြီး သူ့အသင်းဖော်တွေက အရမ်းကောင်းမနေခဲ့ကြဘူးလို့လည်း နည်းပြက ဆိုပါတယ်။

play

 

မက်ဆီအတွက်တော့ ယခု ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုင်ငံအသင်းနဲ့အတူ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာဖို့ရှိနေတယ်လို့ သတင်းတွေက လည်း ထွက်ပေါ်နေပါတယ်။

အဆိုပါ ပွဲစဉ်အပြီး မက်ဆီရဲ့ ကစားပုံအပေါ် လူမှုကွန်ရက်နဲ့ မီဒီယာတွေအကြား ဝေဖန်ပြောဆိုမှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ရာမှာတော့ -"မက်ဆီမှာလည်း ခြေစွမ်း အကန့်အသတ်နဲ့ပဲ ရှိပါတယ်။အသင်းက သူ့တစ်ယောက်တည်းကို မှီ တည်ပြီး တည်ဆောက်ထားလို့မရနိုင်ဘူးလေ။" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အသင်းရဲ့ နိမ့်ပါးတဲ့ ခြေစွမ်းအပေါ်မှာလည်း -" ဒါကတော့ အသင်းနည်းပြနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။အားလုံးမှာ တာဝန်ရှိကြ ပါတယ်။ဂိုးသမားကိုလည်း အပြစ်မတင်ပါဘူး။" လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဆမ်ပါအိုလီက ပြောခဲ့ပါတယ်။

ခရိုအေးရှားအသင်းကို ယခုလို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်း အာဂျင်တီးနားအတွက်တော့ ကမ္ဘာ့ဖလားမှာ ဂိုးအပြတ်ဆုံး ရှုံးပွဲ လည်း ဖြစ်လာခဲ့ပါတယ်။

ခရိုအေးရှားအသင်းကတော့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်ပြီး အာဂျင်တီးနားအသင်းကတော့ နောက်တစ်ဆင့် လက်ကျန်တစ်နေရာ အတွက် မျှော်လင့်ချက်ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD