AD
AD
AD

ခရိုအေးရှားအသင်းရဲ့နောက်ခံကစားသမား ဆိုင်းဗာဆိုင်ကိုက အာဂျင်တီးနားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အာဂျင်တီးနားအသင်းကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ 442 က ရေးသားထားပါတယ်။

play

 

ဗာဆိုင်ကိုက ယနေ့နံနက်က အာဂျင်တီးနားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားကစားသမားတွေဟာ မိန်းမတွေလိုမျိုး ငိုယိုနေကြတယ်လို့ စွပ်စွဲပြောကြားလိုက်တာဖြစ်ပါတယ်။ အမ်တီရီဘစ်၊ မိုဒရစ်၊ ရာကီတစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ခရိုအေးရှားအသင်းဟာ အုပ်စု D မှာ ၂ ပွဲကစားပြီး ရမှတ် ၆ မှတ်နဲ့ နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

play

 

အာဂျင်တီးနားအသင်းရဲ့နည်းပြ ဂျော့ဆန်ပါအိုလီက မိမိတို့အသင်းဟာ ခရိုအေးရှားအသင်းကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဗာဆိုင်ကိုက ယင်းပြောကြားချက်ကို ငြင်းပယ်ခဲ့ပြီး အာဂျင်တီးနားအသင်းကို ဝေဖန်လိုက်တာဖြစ်ပါတယ်။

"သူ ဘယ်ပွဲစဉ်ကို ကြည့်ရှုခဲ့တာလဲမသိဘူး"

"အာဂျင်တီးနားကစားသမားတွေ မြက်ခင်းပြင်ပေါ်မှာ လဲကျပြီး မိန်းကလေးတွေလို ငိုယိုနေကြတာကို ကျွန်တော် တွေ့ခဲ့တယ်"

"ကျွန်တော်တို့အသင်းက ပိုပြီး ကျစ်လစ်တယ်။ ပိုပြီးကောင်းတယ်။ ပိုကောင်းတဲ့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ သူတို့အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ဆိုရင် နောက်ပွဲစဉ်မှာ ကောင်းမွန်အောင် လုပ်ရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်းဟာ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့အတွက် နိုင်ဂျီးရီးယားနဲ့ပွဲစဉ်မှာ အနိုင်ကစားပြီး အိုက်စလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်မှသာ မျှော်လင့်နိုင်တော့မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD