AD
AD
AD

အာဂျင်တီးနားအသင်းရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ဟာ ခရိုးအေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မှုန်ဝါးဝါးသာ ကျန်ရှိပါတော့တယ်။

play
Photos: Metro

 

ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အာဂျင်တီးနားနည်းပြ ဆန်ပါအိုလီက အရှုံးအတွက် မိမိမှာ တာဝန်ရှိကြောင်း၊ အသင်းရဲ့အဓိက ကစားသမား မက်ဆီနဲ့ တစ်သင်းလုံးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းဗျူဟာကို ရှာမတွေ့ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

"အသင်းတစ်သင်း ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးက နည်းပြနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံကိန်းက အထမမြောက်ခဲ့ဘဲ ကစားသမားတွေအနေနဲ့လည်း အဲဒီအတိုင်းလိုက်လုပ်ဖို့ အရမ်းခက်ခဲခဲ့ပါတယ်"

"ကျွန်တော် အရမ်းမျှော်လင့်ခဲ့မိပါတယ်။ ရှုံးနိမ့်မှုကြောင့် ကျွန်တော့်မှာ နာကျင်စရာတွေ အများကြီး ရရှိခဲ့ပါတယ်။ ပွဲစဉ်ကို မှန်မှန်ကန်ကန် ကျွန်တော် မသုံးသပ်နိုင်ခဲ့ပါဘူး။ ရှုံးနိမ့်ခဲ့ရတဲ့အဓိကသော့ချက်က ကျွန်တော့် ဆုံးဖြတ်ချက်ကြောင့်ပါ"လို့ ပြောကြားခဲ့ပါတယ်။

play
Photos: Metro

 

သတင်းထောက်ရဲ့ပြောကြားချက်အရ ဆန်ပါအိုလီက ကစားသမားတွေဟာ မိမိရဲ့စီမံကိန်းကို အံဝင်ခွင်ကျဖြစ်အောင် မလုပ်နိုင်ခဲ့ဘူးလို့ သိရပြီး ယင်းစကားကို အဂူရိုက"သူ ပြောချင်တာသာ ပြောပါစေ"လို့ တုံ့ပြန်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး အဂူရိုဟာ အခြား နောက်ထပ်မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး ထွက်ခွာသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD