AD
AD
AD

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ ကမ္ဘာ့ဖလားအုပ်စု E ပွဲစဉ် ၂ အဖြစ် ဘရာဇီးလ်အသင်းနဲ့ ကော်စတာရီကာအသင်းတို့ဟာ နယူးဇင်းနစ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်။

၁၃ မတ်လ ၁၉၅၆ရာဇီးလ် - ကော်စတာရီကာ ၇-၁ပနားမေရိကန်ချန်ပီယံရှစ်
၁၀ မတ်လ ၁၉၆၀က်ာစတာရီကာ - ဘရာဇီးလ် ၃-၀ပနားမေရိကန်ချန်ပီယံရှစ်
၁၇ မတ်လ ၁၉၆၀က်ာစတာရီကာ - ဘရာဇီးလ် ၀-၄ပနားမေရိကန်ချန်ပီယံရှစ်
၁၆ ဇွန်လ ၁၉၉၀ဘရာဇီးလ် - ကော်စတာရီကာ ၁-၀ဖီဖာကမ္ဘာ့ဖလား
၂၃ စက်တင်ဘာလ ၁၉၉၂ဘရာဇီးလ် - ကော်စတာရီကာ ၄-၂နိုင်ငံတကာခြေစမ်းပွဲ
၁၃ ဇွန်လ ၁၉၉၇ဘရာဇီးလ် - ကော်စတာရီကာ ၅-၀ကိုပါအမေရိက
၁၃ ဇွန်လ ၂၀၀၂က်ာစတာရီကာ - ဘရာဇီးလ် ၂-၅ဖီဖာကမ္ဘာ့ဖလား
၁၁ ဇူလိုင်လ ၂၀၀၄ဘရာဇီးလ် - ကော်စတာရီကာ ၄-၁ကိုပါအမေရိက
၀၇ အောက်တိုဘာလ ၂၀၁၁က်ာစတာရီကာ - ဘရာဇီးလ် ၀-၁နိုင်ငံတကာခြေစမ်းပွဲ
၅ စက်တင်ဘာလ ၂၀၁၅က်ာစတာရီကာ - ဘရာဇီးလ် ၀-၁နိုင်ငံတကာခြေစမ်းပွဲ
၂၂ ဇွန်လ ၂၀၁၈ဘရာဇီးလ် - ကော်စတာရီကာ  ဖီဖာကမ္ဘာ့ဖလား

 

ပွဲကြိုအချက်အလက်များ

play

 

- ဘရာဇီးလ်အသင်းက ကော်စတာရီကာနဲ့နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၉ ပွဲနိုင်။ ၁၉၆၀ မတ်လက ခြေစမ်းပွဲမှာသာ ရှုံးနိမ့်ခဲ့။

- ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပွဲစဉ် ၃ ပွဲမှာ အနိုင်တစ်ပွဲမှမရရှိခဲ့။(၁ ပွဲသရေ ၂ ပွဲရှုံး) လေးပွဲဆက်တိုက်ရှုံးခဲ့မယ်ဆိုရင် ၁၉၇၈ ခုနှစ်နောက်ပိုင်း အဆိုးဆုံးရှုံးပွဲဆက်မှုဖြစ်လာမှာဖြစ်။

- ဆွစ်ဇာလန်နဲ့ပွဲက ကော်တင်ဟိုရဲ့သွင်းဂိုးဟာ လက်ရွေးစင်အသင်းအတွက် ၁၁ ဂိုးမြောက်သွင်းဂိုးဖြစ်။ ၁၁ လုံးထဲက ၅ လုံးကို ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူပေးခဲ့တာဖြစ်။

- ကော်စတာရီကာအသင်းက တောင်အမေရိကအသင်းကို နောက်ဆုံးနိုင်ပွဲရရှိခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းကဖြစ်။(ဥရုဂွေးကို ၃-၁ နဲ့နိုင်)

- ဘရာဇီးလ်အသင်းဟာ ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ကျရောက်ခဲ့တဲ့အုပ်စုတိုင်းမှာ အုပ်စုဗိုလ်ဖြစ်ခဲ့။

 

နှစ်ဖက်အသင်းသတင်းများ

play

 

ဘရာဇီးလ်အသင်းရဲ့ နောက်ခံကစားသမား ဒါနီလိုဟာ တင်ပါးဒဏ်ရာရရှိနေတာကြောင့် ဖက်ဂ်နာ ပါဝင်ကစားမယ်လို့ သိရ။

play

 

ကော်စတာရီကာအသင်းရဲ့နည်းပြ အော်စကာရာမီရက်ဇ်က ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ပြစ်ဒဏ် ၁၀ ကြိမ်အထိ ကျူးလွန်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်သွားမဟုတ်ဘဲ ရပ်တန့်နိုင်တဲ့ နည်းဗျူဟာ ချမှတ်ထားပြီဖြစ်တယ်လို့ ပြောကြား။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

ဘရာဇီးလ်(4-4-2)- အယ်လီဆင်(ဂိုး)၊ ဖက်ဂ်နာ၊ သီယေဂိုဆေးလ်ဗား၊ မီရန်ဒါ၊ မာဆယ်လို၊ ကက်စမဲရိုး၊ ပေါ်လင်ဟို၊ ဝီလီယံ၊ ကော်တင်ဟို၊ နေမာ၊ ဂျီးဆပ်။

play

 

ကော်စတာရီကာ(4-5-1)- နားဗက်စ်(ဂိုး)၊ ဂန်ဘိုအာ၊ အကော့စ်၊ ဂွန်ဇာလက်ဇ်၊ ဒူအာတေး၊ အိုဗီဒို၊ ဗင်နီဂတ်စ်၊ ဂတ်ဇ်မန်း၊ ဘော်ဂတ်စ်၊ ဘရိုင်ယန်၊ ယူရီနာ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD