AD
AD
AD

ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန်မှာကစားမယ့် ဘရာဇီး အသင်းနဲ့ ကော်စတာရီကာအသင်းတို့ ပွဲစဉ်မှာတော့ အနိုင်ရရှိမယ့် အ သင်းက ဘရာဇီး  အသင်းဖြစ်တယ်လို့ သိရပါတယ်။

play

 

အကြောင်းကတော့ ယခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို ခန့်မှန်းပေးနေတဲ့ ကြောင်ကလေး အာခိလိစ်က ဘရာဇီး အသင်းကို ရွေးချယ်ခဲ့တာ ကြောင့် ဖြစ်ပါတယ်။

play

 

ကြောင်ကလေး အာခိလိစ်ဟာ ရှေ့က ကစားခဲ့တဲ့ ပွဲစဉ်အချို့ကိုလည်း ယခုလို ပင်ခန့်မှန်း ဖြေဆိုပေးခဲ့သူ ဖြစ်ပြီး အဖွင့်ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်ရုရှား နဲ့ ဆော်ဒီအာရေဗျ အသင်းတို့ ပွဲစဉ်ကိုလည်း အိမ်ရှင်ရုရှားကို ရွေးချယ်ပေးခဲ့ရမှာ မှန်ကန်မှုရှိခဲ့ပါတယ်။

ယခုလို ခန့်မှန်းမှုတွေကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အထိ ခန့်မှန်းပေးသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ကြောင်ကလေးရဲ့ ခန့်မှန်းမှု မှန်ကန်မလားဆိုတာကတော့ ယနေ့ ညနေ ၆ နာရီခွဲအချိန်မှာ ရင်ခုန်စွာစောင့်ကြည့်သွားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ် မှာ နှစ်သင်းစလုံးအတွက်လည်း နောက်တစ်ဆင့်တက်ရေး အရေးပါနေတာကြောင့်ပွဲကြီးပွဲကောင်း ဖြစ်လာဖို့ များနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD