AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ နိုင်ဂျီးရီးယားအသင်းနဲ့ အိုက်စလန်အသင်းတို့ဟာ ကမ္ဘာ့ဖလားအုပ်စု D ပွဲစဉ် ၂ အဖြစ် ဗော်ဗိုဂရက်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂ ပွဲကစားပြီးချိန်မှာ ၁ မှတ်သာရရှိထားတာကြောင့် အုပ်စုအဆင့်ကနေ လှည့်ပြန်ဖို့ ခြေတစ်လှမ်းဆုတ်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ပွဲစဉ်မှာ နိုင်ဂျီးရီးယားအသင်းသာ အိုက်စလန်အသင်းနဲ့ သရေကစားနိုင်ခဲ့မယ်ဆိုရင် အာဂျင်တီးနားအသင်းအတွက် မျှော်လင့်ချက် ပြန်လည်တောက်ပလာမှာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ နိုင်ဂျီးရီးယားနဲ့ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ် ၃ မှာ မဖြစ်မနေအနိုင်ကစားသွားဖို့ လိုအပ်နေပြီး ယနေ့ပွဲစဉ်ဟာ ဒဏ်ရာရရှိနေတဲ့ အာဂျင်တီးနားအသင်းအတွက် ဝေဒနာတွေသက်သာစေမယ့် ပန်းတစ်ပွင့်ဖြစ်လာနိုင်သလို ဇီဝိန်ခြွေမယ့် ကျည်တစ်တောင့်လည်း ဖြစ်လာနိုင်တာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးတွေ့ဆုံမှုဖြစ်။

၂၂ သြဂုတ်လ ၁၉၈၁ ခုနှစ်က နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့ဖူး။(နိုင်ဂျီးရီးယား ၀-၃ အိုက်စလန်)

 

ပွဲကြိုအချက်အလက်များ

play

 

- နိုင်ဂျီးရီးယားအသင်းရဲ့ကမ္ဘာ့ဖလားနိုင်ပွဲ ၅ ပွဲစလုံးဟာ ဥရောပပြိုင်ဘက်တွေဆီက ရရှိခဲ့တာဖြစ်။

play

 

- အိုက်စလန်အသင်းဟာ ပထမဆုံးကစားရတဲ့ကမ္ဘာ့ဖလားပွဲစဉ်မှာ အာဂျင်တီးနားနဲ့သရေကျခဲ့။ ကမ္ဘာ့ဖလားပထမဆုံး ၂ ပွဲစလုံးမှာ ရှုံးပွဲမတွေ့အောင် ကစားနိုင်ခဲ့တဲ့နောက်ဆုံးအသင်းက ၂၀၀၂ ခုနှစ်က ဆီနီဂေါအသင်းဖြစ်။

- နိုင်ဂျီးရီးယားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၁ ပွဲမှာ ၆ ပွဲ ဂိုးမသွင်းနိုင်ခဲ့။

- အဓိကပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ကစားခဲ့တဲ့ ၆ ပွဲမှာ အိုက်စလန်အသင်းက ၁ ပွဲသာရှုံးနိမ့်ထား။( ၂ ပွဲနိုင် ၃ ပွဲသရေ)

 

နှစ်ဖက်အသင်းသတင်းများ

play

 

အိုက်စလန်နည်းပြ ဟောလ်ဂရင်မ်ဆန်ဟာ နိုင်ဂျီးရီးယားအသင်းနဲ့ပွဲစဉ်မှာ ဖင်းဘိုဂါဆန်ကို တိုက်စစ်မှာ ဦးဆောင်စေပြီး ကွင်းလယ်မှာတော့ ဖန်တီးမှုကောင်းတဲ့ ဆီဂတ်ဆန်တို့ကိုပဲ ပွဲထွက်လူစာရင်းမှာ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

play

 

နိုင်ဂျီးရီးယားအသင်းဟာ ခရိုအေးရှားအသင်းကို ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ အိုက်စလန်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အိုင်ဝိုဘီနဲ့ ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်း အိုဒီယန်အီဂါလိုတို့ကို အသုံးပြုပြီး တိုက်စစ်အစွမ်းကို ပြသနိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD