AD
AD
AD

မြန်မာစံတော်ချိန် ဇွန်လ ၂၃ ရက်နေ့ နံနက် ၀၀း၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားမယ့် ဆားဘီးယားအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်မှာတော့ အနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်အတွက် သေချာသလောက်ရှိမှာ ဖြစ်ပါတယ်။

play

 

ဆားဘီးယားအသင်းက ပထမပွဲမှာ ကော်စတာရီကာကို အနိုင်ရထားကာ ၃ မှတ်ရထားပေမယ့် ဆွစ်ဇာလန်အသင်းကတော့ ဘရာဇီးနဲ့ သရေကျ ပြီး တစ်မှတ်သာရရှိထားပါတယ်။

play

 

ဒီနှစ်သင်းက သမိုင်းတစ်လျှောက် ဆားဘီးယားအသင်း လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ မန်ယူနဲ့ အာ ဆင်နယ်အသင်းတို့ရဲ့ ကွင်းလယ်အားပြိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။

play

 

ဆားဘီးယားအသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်လာသူက မန်ယူကွင်းလယ်လူ မာတစ်ဖြစ်ပြီး ဆွစ်ဇာလန်အသင်းကိုတော့ အာဆင်နယ် ကွင်း လယ်လူ ဇာခါက ဦးဆောင်လာတာ ဖြစ်ပါတယ်။

play

 

ဆားဘီးယားကို ယခင် ယူဂိုဆလားဗီးယားလို့ ခေါ်တွင်စဉ်က ၁၃ ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး ဆွစ်ဇာလန်အသင်းက ၂ ပွဲနိုင် ၅ ကြိမ်သရေကျ ကာ ယူဂိုဆဘားဗီးယားက ၆ ကြိမ်အထိ နိုင်ထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံမှု ၁၃ ကြိမ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအောက်မှာ တွေ့ဆုံမှုကတော့ တစ်ကြိမ်သာရှိခဲ့ပြီး ၁၉၅၀ ကမ္ဘာ့ဖလားတုန်းက ယူဂိုဆ လားဗီးယား အသင်းက ၃ ဂိုးပြတ်နဲ့ အုပ်စုအဆင့်မှာ တွေ့ဆုံစဉ် အနိုင်ရထားတာ ဖြစ်ပါတယ်။

ယခုလို ဆားဘီးယားလို့ အမည်တွင်ခဲ့ချိန်က စတင်ပြီး မတွေ့ဖြစ်ခဲ့ကြတာ ဖြစ်ပြီး ယခု ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံမှုမှာတော့ မန်ယူ ကွင်းလယ်လူ ဦးဆောင်တဲ့ ဆားဘီးယားက အနိုင်ယူပြီး နောက်တစ်ဆင့်အတွက်သေချာစေခဲ့မလား၊အာဆင်နယ် ကွင်းလယ်ဖန်တီးရှင် ဇာခါ ဦး ဆောင်လာမယ့် ဆွစ်ဇာလန်အသင်းကပဲ အနိုင်ရသွားမလား ရင်ခုန်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆားဘီးယားအတွက် ယခုအုပ်စုအဖွင့်ပွဲအနိုင်ရရှိခဲ့မှုက သမိုင်းကြောင်းကောင်းရှိနေပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့တဲ့ ၃ ကြိမ်မှာ အဖွင့်ပွဲ တိုင်းကိုအနိုင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ နောက်ဆုံးကစားထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်မှာ ဥရောပပြိုင်ဖက်အသင်းတွေနဲ့ တွေ့ဆုံခဲ့ရာမှာ တစ်ကြိမ် သာရှုံးနိမ့်ထားတာ ဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်အသင်းကို ၅-၂ ဂိုးနဲ့ ရှုံးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ဆုံး ၂၃ပွဲမှာလည်း ဆွစ်ဇာလန်ဟာ တစ်ပွဲသာရှုံးထားပြီး ၁၆ ပွဲနိုင်ကာ ၆ ပွဲသရေကျထားတာလည်း ဖြစ်ပါတယ်။ ရှုံးထားတဲ့ တစ်ပွဲကတော့ ၂၀၁၇ ခုနှစ်အောက်တိုဘာတုန်းက ကစားတဲ့ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂-၀ ဂိုးနဲ့ ရှုံးထားတာလည်း ဖြစ်ပါ တယ်။

ဆွစ်ဇာလန်အသင်းအတွက်တော့ အားထားစရာ ဖြစ်လာခဲ့တဲ့သူကတော့ စတီဗင်ဇူးဘားဖြစ်ပြီး ၎င်းပါဝင်ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၆ ဂိုး အထိ ပါဝင်ပတ်သက်ထားနိုင်တာ ဖြစ်ကာ ၅ ဂိုးသွင်းပြီး ၂ဂိုးဖန်တီးထားနိုင်သူဖြစ်ပါတယ်။ ၎င်းမှာ ဘရာဇီးနဲ့ အဖွင့်ပွဲတုန်းကလည်း ချေပဂိုး သွင်းပေးထားသူဖြစ်ပါတယ်။

ယခု ဆွစ်ဇာလန်အသင်းနဲ့ ပါဝင်လာတဲ့ အာဆင်နယ်နောက်ခံလူ လစ်စတိန်ခ်ျနာကတော့ ဆွစ်ဇာလန်အသင်းအတွက် ကမ္ဘာ့ဖလားပွဲ အများ ဆုံးကစားပေးထားသူဖြစ်ပါတယ်။

ဆားဘီးယားအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးသွင်းပေးခဲ့တဲ့ ဘယ်နောက်ခံလူ ကိုလာရော့ဗ်က အလွတ်တည်ကန်ဘောတွေ ကန် သွင်းရာမှာ ကောင်းမွန်သေသပ်လှသူ ဖြစ်တာကို ပြီးခဲ့တဲ့ကော်စတာရီကာနဲ့ပွဲမှာ ထပ်မံ သက်သေပြခဲ့တာကြောင့်လည်း ယခုပွဲစဉ်မှာ ဆွစ်ဇာ လန်အသင်းအနေနဲ့ ပြစ်ဒဏ်ဘောတွေ မပေးရဖို့ တတ်နိုင်သလောက်ကြိုးစားဖို့ လိုနေတာလည်း ဖြစ်ပါတယ်။

ဆားဘီးယားအသင်းအနေနဲ့လည်း ဆွစ်ဇာလန်အသင်းရဲ့ မာကျောတဲ့ကစားပုံကို ဘရာဇီးနဲ့ပွဲတုန်းက လေ့လားထားမိလောက်မယ်လို့ ယူဆ ရပြီး ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲ ဆွစ်ဇာလန်အသင်းကပဲ မာမာထန်ထန်ကစားပြီး အနိုင်ရရှိသွားမလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD