AD
AD
AD

ဒီပွဲကို အနိုင်ရဖို့အတွက် ဘ၇ာဇီးလ်အသင်းဟာ အထူးအာရုံစိုက်ခဲ့ပြီး အဓိကကစားသမား နေမာအပါအ၀င် ဘရာဇီးလ်အသင်းရဲ့ အမာခံကစားသမားအားလုံးကို အသုံးပြုခဲ့ပါတယ်။ ကော်စတာရီကာအသင်းကလည်း သူတို့ရဲ့ အတောင့်တင့်ဆုံး လူစာရင်းနဲ့ ဘရာဇီးလ်ကို ရင်ဆိုင်ခဲ့ပြီး အုပ်စုက တက်ရောက်ဖို့အတွက် ရည်မှန်းချက်ကိုယ်စီနဲ့ ကစားခဲ့ကြပါတယ်။

play

 

play

 

ပထမပိုင်းမှာကတည်းက ဘရာဇီးလ်က အနိုင်ရဖို့ အားထုတ်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အချိတ်အဆက်မမိခဲ့ပဲ အားနည်းခဲ့ရပါတယ်။ အနိုင်ဂိုးရရှိဖို့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ခြင်းမရှိပဲ ဘရာဇီးလ်ဟာ ပထမပိုင်းတစ်ပိုင်းလုံးမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး နေမာကလည်း ဒဏ်ရာကြောင့် စိတ်ထင်တိုင်းမကစားနိုင်ခဲ့တာကြောင့် ဘရာဇီးလ်အတွက် အနိုင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။

play

 

ဒီပွဲရဲ့ စိတ်လှုပ်ရှားစရာတွေကတော့ ဒုတိယပိုင်းစကတည်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဘရာဇီးလ်ဟာ ဘောလုံးပိုင်ဆိုင်မှု သိသိသာသာအသာစီး ရယူနိုင်ခဲ့သလို ခြေစွမ်းမပြနိုင်တဲ့ ၀ီလီယံ နဲ့ ပေါ်လင်ဟိုတို့နေရာမှာ ဒေါက်ဂလပ်စ်ကော်စတာနဲ့ ဖာမီနိုတို့ကို လူစားလဲလှယ်ပြီး တိုက်စစ်ကို အစွမ်းကုန် မြှင့်တင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

play

 

ဘရာဇီးလ်အသင်းအနေနဲ့ ဂိုးကန်သွင်းခွင့်အမြောက်အမြား ရရှိခဲ့ပြီး အပိုင်အခွင့်အရေးတွေကို နေမာလွဲချော်ခဲ့ရသလို ကော်စတာရီကာ ဂိုးသမား နာဗက်စ်ရဲ့ ကာကွယ်မှုတွေကြောင့်လည်း ဘရာဇီးလ်အတွက် လိုအပ်တဲ့ သွင်းဂိုးတွေကို မရရှိခဲ့ပဲ နိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ကော်စတာရီကာကတော့ ဒုတိယပိုင်းတစ်ပိုင်းလုံး ဘရာဇီးလ်ကစားကွက်အောက်မှာ ရှိနေခဲ့ပြီး ခံစစ်ကိုသာ ဦးစားပေးကစားခဲ့ပါတယ်။

play

 

နေမာကို ပယ်နယ်တီဧရိယာအတွင်း ကော်စတာရီကာအသင်း ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကို ကွင်းလယ်ဒိုင်လူကြီးက ပယ်နယ်တီအဖြစ် သတ်မှတ်ပေးပြီးမှ VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး ပယ်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဘရာဇီးလ်အသင်းဟာ ပွဲချိန်ပြိးဆုံးဖို့ နီးကပ်လာလေလေ တိုက်စစ်ကို အစွမ်းကုန်မြှင့်တင်ပြီး ကစားခဲ့ပါတယ်။

play

မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို ပထမဆုံးမိနစ်မှာပဲ ဘရာဇီးလ်အသင်း ဂိုးရရှိသွားခဲ့ပြီး မာဆယ်လိုရဲ့ ပေးပို့မှုကို ဖာမီနိုက ခေါင်းတိုက်ချပေးခဲ့ပြီး ဂျီးဆပ်စ်ဆီက လျှံထွက်လာခဲ့တဲ့ ဘောလုံးကို ကော်တင်ဟိုက ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် ဘရာဇီးလ်အတွက် အဖိုးတန် အနိုင်ဂိုးရရှိသွားခဲ့ပြီး နာမည်ကြီးဆမ်ဘာတို့ ပထမဆုံးနိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။ ကော်တင်ဟိုကတော့ ဘရာဇီးလ်အတွက် (၂)ပွဲဆက် သွင်းဂိုးရယူပေးနိုင်ခဲ့ပါတယ်။

play

 

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ နေမာက ဒေါက်ဂလပ်စ်ကော်စတာရဲ့ ဖန်တီးပေးမှုကတဆင့် အပိုင်ပိတ်သွင်းယူပြီး ဘရာဇီးလ်အတွက် နောက်ထပ်တစ်ဂိုး ရယူပေးသွားခဲ့ပါတယ်။ ဘရာဇီးလ်ကတော့ ရမှတ် (၄) မှတ် ရရှိသွားခဲ့ပြီ ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ဆာဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကော်စတာရီကာကတော့ ဆွစ်ဇာလန်နဲ့ ကစားရမှာဖြစ်ပါတယ်။ ကော်စတာရီကာအသင်းကတော့ ဒီနေ့ရှုံးပွဲကြောင့် အုပ်စုအဆင့်ကနေပဲ နှုတ်ဆက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD