AD
AD
AD

ုအုပ်စု (င) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆာဘီးယားနဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲမှတော့ ဆွစ်ဇာလန်အသင်းက အနိုင်ရခဲ့ပြီး အကေင်းဆံုးအခြေအနေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆာဘီးယားက ဘရာဇီးလ်က ကစားရမယ့်အချိန်မှာ ဆွစ်ဇာလန်က ကော်စတာရီကာနဲ့ ကစားရမှာဖြစ်တာကြောင့် ဆွစ်ဇာလန်အတွက် အခွင့်အရေးသာသွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပွဲအစ (၅) မိနစ်မှာ မီထရိုဗစ်က တာဒစ်ရဲ့ ဖန်တီးပေးမှုကို အဆုံးသတ်နိုင်ခဲ့တာကြောင့် ဆာဘီးယားတို့ ဦးဆောင်ဂိုး ပိုင်ဆိုင်ခဲ့ပြီး ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းကတော့ ဂိုးပြန်လည်ရရှိဖို့အတွက် အကောင်းဆုံးကြိုးစားသွားခဲ့ပြီး သူတို့ရဲ့ မဆုတ်မနစ်တဲ့ ကြိုးစားမှုကြောင့် ဆာဘီးယားတို့ အခက်တွေ့ခဲ့ပြီး နောက်ဆုံးမှာ အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

နှစ်သင်းစလုံးမှာ အဓိကကစားသမား အစုံလင်ပါဝင်ခဲ့ပြီး ရှာခါ၊ ဘရာမီတို့ရဲ့ ကွင်းလယ်နဲ့ မီလီဗိုဂျီဗစ်၊ မာတစ်တို့ရဲ့ ကွင်းလယ်ပိုင်း ပြိုင်ဆိုင်ခဲ့ပြီး ပွဲကမြိုင်ဆိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆာဘီးယားအသင်းသားတွေဟာ မလိုအပ်ပဲ ကစားပုံက ကြမ်းနေခဲ့တာကြောင့် အ၀ါကတ်တွေ ဆက်တိုက်ထိခဲ့ပြီး ပွဲကို စိတ်ထင်တိုင်းကစားခွင့်မရပဲ နောက်အ၀ါမထိဖို့ ရှောင်ကစားရတာက ကစားကွက်ပိုင်းကို အားနည်းစေခဲ့ပါတယ်။

play

 

ဆွစ်ဇာလန်အတွက် ချေပဂိုးကို (၅၂)မိနစ်မှာ ရှာခါက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ မိနစ် (၉၀) မှာ ရှာကွီရီက သွင်းယူပေးခဲ့လို့ ဆွဇ်ဇာလန်အသင်း အဖိုးတန်အနိုင်ဂိုး ရရှိခဲ့ပြီး နောက်တစ်အဆင့်အတွက် အခြေအနေအကောင်းဆုံး အသင်းဖြစ်လာခဲ့ပါတယ်။ ဆာဘီယားကတော့ ပေါ့ဆမှုကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပြီး နောက်ဆုံးပွဲအထိ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

play

 

အုပ်စုနောက်ဆုံးပွဲတွေ မကန်ခင်မှာ ဆွစ်ဇာလန်က လေးမှတ်၊ ဘရာဇီးလ်က လေးမှတ်နဲ့ ဦးဆေင်နေပြီး ဆာဘီးယားကတော့ (၃) မှတ်၊ ကော်စတာရီကာက အမှတ်မရရှိသေးပဲ ဘရာဇီးလ် နဲ့ ဆာဘီးယားတို့ရဲ့ ပွဲစဉ်ကို အဓိကထား ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD