AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှား ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- နိုင်ဂျီးရီးယားအသင်းရဲ့အသင်းခေါင်းဆောင် မီခေးလ်က ခရိုအေးရှားအသင်းကို အိုက်စလန်အသင်းနဲ့ပွဲစဉ်မှာ ပရော်ဖက်ရှင်နယ်ဆန်ဖို့နဲ့ အဓိကကြယ်ပွင့်ကစားသမားတွေကို ချန်လှပ်မထားဖို့ ပြောကြားခဲ့ပါတယ်။ နိုင်ဂျီးရီးယားအသင်းရဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ ကံကြမ္မာက ခရိုအေးရှားနဲ့ အိုက်စလန်အသင်းတို့ရဲ့ပွဲစဉ်ပေါ်မှာ ၅၀ ရာခိုင်နှုန်း မှီတည်နေတာဖြစ်ပါတယ်။

play

 

- ဆွစ်ဇာလန်အသင်းက ဇာခါနဲ့ ရှာကွီရီတို့ဟာ ဆားဘီးယားနဲ့ပွဲစဉ်တုန်းက အောင်ပွဲခံတဲ့အမူအရာကြောင့် ဖီဖာရဲ့ဒဏ်ငွေတပ်ရိုက်မှုကို ရင်ဆိုင်ရတော့မယ်လို့ သိရပါတယ်။ ဇာခါနဲ့ ရှာကွီရီတို့ဟာ ယခင်က အယ်လ်ဘေးနီးယားရဲ့သင်္ကေတဖြစ်တဲ့ ဦးခေါင်းနှစ်လုံးနဲ့ သိမ်းငှက်ပုံစံကို လက်နဲ့ ပုံဖော်ခဲ့တာကြောင့်လို့ သိရပါတယ်။

play

 

- မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ဟာ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မန်စီးတီးအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ The Sun ကရေးသားထားပါတယ်။ ဂန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး ဘာစီလိုနာအသင်းက အင်နီယေစတာရဲ့နေရာမှာ အစားထိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

play

 

- လီဗာပူးအသင်းဟာ ရိုးမားအသင်းရဲ့ဂိုးသမား အယ်လီဆင်ကို လက်လျှော့လိုက်ပီဖြစ်ကြောင်း Don Balon က အတည်ပြုပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့စိတ်ဝင်စားမှုကို ခံနေရတဲ့အယ်လီဆင်က လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ထက် ရီးရဲမက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ ၁၉ နှစ်အရွယ် ယူကရိန်းဂိုးသမားတစ်ဦးဖြစ်တဲ့ လူနင်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။ ယူကရိန်းပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ဇော်ရာလူဟန့်ခ်အသင်းရဲ့ဂိုးသမားဖြစ်တဲ့ လူနင်ဟာ ပြီးခဲ့တဲ့ရာသီက ၂၉ ပွဲ ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD