AD
AD
AD

ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်း အီမန်နျူရယ်ပီတစ်ဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ခေါင်းဆောင်နိုင်မှုအရည်အချင်းက မက်ဆီထက် ပိုမိုသာလွန်သွားစေခဲ့တာလို့ ယုံကြည်နေကြောင်း Mirror က ရေးသားထားပါတယ်။

play

 

အာဂျင်တီးနားအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ရော်နယ်ဒိုနဲ့တူညီတဲ့ ခေါင်းဆောင်နိုင်မှုအရည်အချင်းမရှိကြောင်း ပီတစ်က ယုံကြည်နေတာဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့သောကြာနေ့က အာဂျင်တီးနားအသင်းဟာ ခရိုအေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကတော့ စပိန်အသင်းနဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူပြီး လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို မော်ရိုကိုအသင်းနဲ့ပွဲစဉ်မှာလည်း တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

play

 

အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မသေချာမရေရာတဲ့အနေအထားမှာ ရောက်ရှိနေပြီး ၁၉၉၈ ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့တဲ့ ပီတစ်က မက်ဆီအနေနဲ့ ပြစ်တင်ဝေဖန်မှုတွေကို ပုခုံးထမ်းထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

"သူက ခေါင်းဆောင်တစ်ယောက်မဟုတ်ပါဘူး။ သူက ရော်နယ်ဒိုနဲ့အတူတူပဲလို့ ယူဆရမယ့်သူမဟုတ်ပါဘူး။ မက်ဆီက အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြသဖို့ လိုပါသေးတယ်"

"သူ့အနေနဲ့ နိုးထဖို့လိုပါတယ်။ ဘာစီလိုနာအသင်းနဲ့ အရာတိုင်းက ကောင်းမွန်နေတဲ့အခါမှာ သူက ကြောက်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ"

"ကျွန်တော်တို့ ချန်ပီယံလိဂ်မှာလည်း တွေ့ခဲ့ပြီးပါပြီ။ ကောင်းမွန်တာတွေ ဖြစ်မလာတဲ့အခါမှာ မက်ဆီဆိုတာ ကွင်းထဲကနေတောင် ပျောက်သွားနိုင်တယ်"

"အခု သူ ဘာစီလိုနာမှာ မဟုတ်ပါဘူး။ သူ ပြေးလည်း မပြေးဘူး။ သူ လမ်းလျှောက်နေတယ်။ သူ့မှာ ဘောလုံးနဲ့ပတ်သက်ပြီး ဘာမှ စိုးရိမ်ပူပန်မှုမရှိဘူး။ ကစားပြလိုက်စမ်းပါဗျာ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD