AD
AD
AD

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် နောက်တစ်ကြိမ် ကစားပေးဖို့ အခွင့်အရေးရလိမ့်မယ်လို့ မျှော်လင့်နေကြောင်း Fotmob ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်

play
Photos: Squawka

 

ဖာဘရီဂတ်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပဏာမ ၂၃ ဦးစာရင်းမှာ နည်းပြလော့ပတယ်ဂီရဲ့ ချန်လှပ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့ လော့ပတယ်ဂီကို စပိန်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ၂ ရက်အလိုမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

play
Photos: Independent

 

ဖာဘရီဂတ်စ်ဟာ ရုရှားမှာ ရောက်ရှိနေပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေကို သုံးသပ်ဝေဖန်သူအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကတည်းက စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတော့တာဖြစ်ပေမယ့် အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာဘရီဂတ်စ်က လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားပေးနိုင်ဖို့ နောက်ထပ်အခွင့်အရေးရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့ မေလမှာ လော့ပတယ်ဂီက စပိန်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့အချိန်မှာ ကျွန်တော် လက်ရွေးစင်အသင်းကို နှုတ်ဆက်ခဲ့ရတော့တာပဲ"

"ဖြစ်ပြီးတာတွေလည်း ဖြစ်ခဲ့ပြီးပါပြီ။ လော့ပတယ်ဂီ မယုံကြည်တဲ့ကစားသမားတွေအတွက် တံခါးတွေ ပြန်ဖွင့်သွားခဲ့ပါပြီ။ ကျွန်တော်တို့ အားလုံးအတွက် စစ်မှန်တဲ့အခွင့်အရေး အစကနေ ပြန်ရရှိမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD