AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် တနင်္ဂနွေနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းနဲ့ ဆွီဒင်အသင်းတို့ဟာ ကမ္ဘာ့ဖလားအုပ်စု F ပွဲစဉ် ၂ အဖြစ် ဖစ်ခ်ျအိုလံပစ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ဂျာမနီအသင်းနဲ့ ဆွီဒင်အသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ၁၁ ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး ဂျာမနီအသင်းက ၇ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးနိမ့်ထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တာကတော့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာဖြစ်ပြီး ဂျာမနီအသင်းက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ပွဲကြိုအချက်အလက်များ

play

 

-ဂျာမနီအသင်းဟာ ဆွီဒင်အသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၁၁ ပွဲမှ တစ်ပွဲမှ ရှုံးနိမ့်ထားခြင်းမရှိ။( ၆ ပွဲနိုင် ၅ ပွဲသရေ)

- ဂျာမနီအသင်းက ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ဆွီဒင်နဲ့ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသာရှုံးနိမ့်ခဲ့။

- ဆွီဒင်အသင်း ဂျာမနီအသင်းကို နောက်ဆုံးအနိုင်ရရှိခဲ့တာက ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဖြစ်။

- တောင်ကိုရီးယားကို အနိုင်ရရှိခဲ့တဲ့အဖွင့်ပွဲစဉ်ဟာ ၁၉၅၈ က အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ပြိုင်ပွဲပြီးနောက် ပထမဆုံးကမ္ဘာ့ဖလားနိုင်ပွဲဖြစ်။

- ဂျာမနီတိုက်စစ်မှူးမူလာဟာ ကမ္ဘာ့ဖလားမှာ ဂိုးပေါက် ၁၄ ကြိမ်တည့်ခဲ့ရာမှာ ၁၀ ဂိုးအထိ သွင်းယူထားသူဖြစ်။

 

ဒဏ်ရာရ/ ပွဲပယ်စာရင်း

play

 

ဂျာမနီအသင်းရဲ့နောက်ခံကစားသမား မတ်ဟမ်းမဲလ်ဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ လည်ပင်းဒဏ်ရာရရှိခဲ့တာကြောင့် ဆွီဒင်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ ဂျာမနီအသင်းက အတည်ပြုထား။

play

 

ဆွီဒင်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ပွန်တက်ဂျက်ဆင်၊ ဖီလစ်ဟီလန်ဒါ၊ မားကပ်စ်ရိုဒန်တို့ဟာ အစာအိမ်ဝေဒနာကြောင့် ဂျာမနီနဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိ။ တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ ဗိုင်းရပ်စ်ဝင်ရောက်မှုကြောင့် မကစားပေးနိုင်ခဲ့တဲ့ လင်ဒီလော့ဖ် ပြန်လည်ပါဝင်လာမယ်လို့သိရ။ အိုင်းဆက်ကိစ် ခြေချင်းဝတ်ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD