AD
AD
AD

ယနေ့ည ၆ နာရီ ၃၀ မိနစ်အချိန်မှာ ကမ္ဘာ့ဖလားအုပ်စု G ပွဲစဉ် ၂ အဖြစ် အင်္ဂလန်အသင်းနဲ့ ပနားမားအသင်းတို့ဟာ နစ်ရှ်နီနော့ဂိုရော့ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာမက ခြေစမ်းပွဲစဉ်တွေမှာပါ တွေ့ဆုံခဲ့ဖူးခြင်းမရှိဘဲ ပထမဆုံးတွေ့ဆုံမှုဖြစ်။

 

ပွဲကြိုအချက်အလက်များ

play

 

-အင်္ဂလန်အသင်းဟာ CONCACAF နိုင်ငံတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ တစ်ပွဲမှ မရှုံးနိမ့်ခဲ့။ (၂ ပွဲနိုင် ၂ ပွဲသရေ)

-CONCACAF နိုင်ငံတွေဟာ ဥရောပပြိုင်ဘက်တွေနဲ့ကစားခဲ့တဲ့ သူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလား ၁၀ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့။

-ပနားမားအသင်းဟာ ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့။

-အင်္ဂလန်အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ၂ ပွဲဆက်တိုက် အနိုင်မရရှိသေး။

-အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းဟာ နောက်ဆုံးကစားပေးခဲ့တဲ့ ၄ ပွဲမှာ ပွဲစဉ်တိုင်း ၁ ဂိုးသွင်းယူပေးထား။

-အုပ်စုအဆင့်မှာ အင်္ဂလန်အတွက်နောက်ဆုံးဂိုးအများဆုံးသွင်းယူပေးထားတဲ့ကစားသမားမှာ ၁၉၈၆ ကမ္ဘာ့ဖလားက လိုင်နီကာဖြစ်။

 

ဒဏ်ရာရ/ပွဲပယ်စာရင်း

play

 

ဒဲလ်အယ်လီဟာ ပနားမားနဲ့ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးဒုတိယရက်မှာ ပေါင်ခြံဒဏ်ရာကြောင့် ပျက်ကွက်ခဲ့ပြီး ပနားမားနဲ့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေ။

ပနားမားအသင်းမှာတော့ ဒဏ်ရာရ/ပွဲပယ်ကစားသမား ကင်းစင်နေ။

 

နှစ်ဖက်အသင်းသတင်းများ

play

 

အင်္ဂလန်အသင်းရဲ့နည်းပြ ဂါးရတ်ဆောက်ဂိတ်က သတင်းမီဒီယာတွေကို ပနားမားအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ကြောက်ရွံ့မှုကင်းကင်းနဲ့ တိုက်စစ်ဆင်ကစားတာကို မြင်တွေ့လိုကြောင်း ပြောကြား။ စတားလင်းရဲ့နေရာမှာ ကမ္ဘာ့ဖလားခြေစမ်းပွဲတွေမှာ ကောင်းမွန်စွာကစားပြနိုင်ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ပွဲထွက်ကစားစေမယ်လို့ သိရ။

play

 

ပနားမားအသင်းရဲ့နည်းပြ ဟာနန်ဒါရီယိုဂိုးမက်ဇ်က အင်္ဂလန်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲစဉ်မှာ နည်းဗျူဟာစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်းပြောကြား။ မိမိတို့အသင်းဟာ အုပ်စုတွင်းမှာ အင်အားအနည်းဆုံးဖြစ်ပေမယ့် အကောင်းဆုံး တုံ့ပြန်ယှဉ်ပြိုင်သွားမယ်လို့ ပြောကြား။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD