AD
AD
AD

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ ကမ္ဘာ့ဖလားအုပ်စု G ပွဲစဉ် ၂ အဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ တူနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ဘယ်လ်ဂျီယံနဲ့တူနီးရှားအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ကြိမ်မြောက် တွေ့ဆုံကြမှာဖြစ်။

ခြေစမ်းပွဲ ၂ ပွဲမှာ ၁ ပွဲစီ အနိုင်ရရှိထား။

 

ပွဲကြိုအချက်အလက်များ

play

 

- ဘယ်လ်ဂျီယံအသင်းဟာ အာဖရိကအသင်းတွေနဲ့ကစားခဲ့တဲ့နောက်ဆုံး ၃ ပွဲမှာ ရှုံးပွဲမရှိခဲ့။

- ဘယ်လ်ဂျီယံအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ကမ္ဘာ့ဖလားပွဲစဉ် ၁၀ ပွဲမှာ တစ်ပွဲမှမရှုံးနိမ့်ခဲ့။(၅ ပွဲနိုင်၊ ၅ ပွဲသရေ)

- တူနီးရှားအသင်းဟာနောက်ဆုံးကစားခဲ့တဲ့ကမ္ဘာ့ဖလားပွဲစဉ် ၁၂ ပွဲမှာ တစ်ပွဲမှအနိုင်မရရှိခဲ့။(၄ ပွဲသရေ ၈ ပွဲရှုံး)

- ဘယ်လ်ဂျီယံအသင်းရဲ့နောက်ဆုံးသွင်းယူခဲ့တဲ့ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ ဂိုးဟာ ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်။

 

နှစ်ဖက်အသင်းသတင်းများ

play

 

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ကွန်ပနီဟာ ဒဏ်ရာရရှိနေတာကြောင့် ယနေ့ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပြီး ဘတ်ရှူဝါရီနဲ့ ဗာမယ်လန်တို့ကလည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရ။

play

 

တူနီးရှားအသင်းရဲ့ပထမဂိုးသမား ဟာဆန်ဟာ အင်္ဂလန်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပုခုံးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက်လုံး လွဲချော်မယ်လို့ သိရ။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD