AD
AD
AD

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ တောင်ကိုရီးယားအသင်းနဲ့ မက်ဆီကိုအသင်းတို့ဟာ ကမ္ဘာ့ဖလားအုပ်စု F ပွဲစဉ် ၂ အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်။

အခြားပြိုင်ပွဲတွေနဲ့ခြေစမ်းပွဲတွေမှာ ၁၀ ကြိမ်တွေ့ဆုံခဲ့ပြီး မက်ဆီကို ၅ ပွဲနိုင် ၁ ပွဲသရေ ၄ ပွဲရှုံးနိမ့်ထား။

 

ပွဲကြိုအချက်အလက်များ

play

 

- နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ မက်ဆီကိုအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့။

- မက်ဆီကိုအသင်းဟာ ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေနဲ့ကစားခဲ့တဲ့ ၃ ပွဲစလုံး အနိုင်ရရှိခဲ့။

- မက်ဆီကိုအသင်းဟာ နောက်ဆုံးကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၁၈ ပွဲမှာ ၂ ပွဲသာရှုံးနိမ့်ထား။(၉ ပွဲနိုင် ၇ ပွဲသရေ)

- တောင်ကိုရီးယားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ကမ္ဘာ့ဖလား ၇ ပွဲမှာ တစ်ပွဲအနိုင်မရရှိခဲ့။။(၂ ပွဲသရေ ၅ ပွဲရှုံး)

- တောင်ကိုရီးယားအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ကမ္ဘာ့ဖလားပွဲစဉ် ၂ ပွဲမှာ တစ်ဂိုးမှမသွင်းယူနိုင်ခဲ့။

 

နှစ်ဖက်အသင်းသတင်းများ

play

 

မက်ဆီကိုအသင်းရဲ့နည်းပြ အိုဆိုရီယိုက ဂျာမနီအသင်းနဲ့ပွဲစဉ်မတိုင်မီက ငှက်ဖျားပိုးကြောင့် ဒုက္ခရောက်ခဲ့တဲ့ ကစားသမားတွေအားလုံး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဂျာမနီအသင်းနဲ့တုန်းက ပွဲထွက်လူစာရင်းအတိုင်း ပွဲထွက်လာမယ်လို့သိရ။

play

 

တောင်ကိုရီးယားအသင်းရဲ့နည်းပြ ရှင်တေးယွန်က ဆွီဒင်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဆွန်ဟောင်မင်အနေနဲ့ ယနေ့ပွဲစဉ်မှာ အကောင်းဆုံးပုံစံပြနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

 

play

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD