AD
AD
AD
play

 

ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ တူနီးရှားအသင်းတို့ရဲ့ ပွဲစဉ် မှာတော့ ဘယ်လ်ဂျီယံအသင်းက ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ဘယ်ဂျီယံအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဟာဇက်က ၂လုံး လူကာကူက ၂ လုံးသွင်းယူပေးခဲ့ပြီး ဘတ်ရှုဝါရီက တစ်ဂိုးသွင်းယူပေးခဲ့ကာ တူနီးရှားအတွက် ချေပဂိုးတွေကိုတော့ ဘရွန်းနဲ့ခါဇရီတို့က သွင်းယူပေးခဲ့ပါတယ်။

play

 

ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ စုစုပေါင်းသွင်းဂိုး ၄ ဂိုအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ သွင်းဂိုး တူညီခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

ဘယ်လ်ဂျီယံအသင်းအတွက် ဘတ်ရှုဝါရီ ဂိုးသွင်းပိုမို ကျိန်းသေခဲ့ရင် အနည်းဆုံး ၇ ဂိုးလောက်ရမယ့်အနေအထားကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

play

 

ယခုနိုင်ပွဲကြောင့်ဘယ်လ်ဂျီယံအသင်းဟာ အုပ်စု(ဆ)မှာ နှစ်ပွဲကစားနှစ်ပွဲနိုင် (၆) မှတ်နဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

တူနီးရှားအသင်းကတော့ နှစ်ပွဲကစား နှစ်ပွဲစလုံးရှုံးခဲ့လို့ အုပ်စုက တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပဲ အိမ်ပြန်ရဖို့ သေချာ သလောက်ရှိခဲ့ပါပြီ။

ဘယ်လ်ဂျီယံအသင်းဟာ နိုင်ငံသမိုင်းတစ်လျှောက် အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတာနဲ့အတူ ရွှေရောင်မျိုးဆက် တွေရဲ့ အစွမ်းကိုလည်း အကောင်းဆုံး ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာဇက်၊ဒီဘရိုင်း၊လူကာကူတို့ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းက ပထမပွဲတုန်းကလည်း ပနားမားကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့သလို ယခု ပွဲမှာလည်း ၄-၁ ဂိုးနဲ့ တိုက်စစ်က ဂိုးတွေ တရစပ်သွင်းယူထားနိုင်ပါတယ်။

ဘယ်လ်ဂျီယံအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်ဟာ အုပ်စုဗိုလ် ရရှိ ရေး အဆုံးအဖြတ်ပွဲလည်း ဖြစ်လာမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD