AD
AD
AD

ယနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲအချိန်မှာ ကစားခဲ့တဲ့ မက္ကဆီကိုအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ပွဲစဉ်မှာတော့ မက္က ဆီကိုအသင်းက ကားလို့စ်ဗီလာ၊ဟာနန်ဒက်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

တောင်ကိုရီးယားအသင်းအတွက် ချေပဂိုးကို ဆွန်ဟောင်မင်က သွင်းပေးခဲ့ပေမယ့်လည်း ပွဲချိန်ပြည့်ကာနီးရောက်နေခဲ့ တာကြောင့်လည်း သရေရလဒ်အတွက် လက်ကျန်အချိန်တွေက မလုံလောက်ခဲ့ပါဘူး။

play

 

မက္ကဆီကိုအသင်းအနေနဲ့ လက်ရှိ ချန်ပီယံ ဂျာမနီကို အနိုင်ရရှိခဲ့တဲ့ အခြေစွမ်းအရ အထင်ကြီးစရာရှိခြ့ပေမယ့်လည်း ယနေ့ တောင်ကိုရီးယားနဲ့ပွဲမှာတော့ အနည်းငယ် အခက်တွေ့ခဲ့တာကိုတွေ့ရမှာလည်း ဖြစ်ပါတယ်။

play

 

ပင်နယ်တီ ပြစ်ဒဏ်ဘောရလိုက်တဲ့အချိန်မှစတင်ပြီးတော့မှ တောင်ကိုရီးယားအသင်းဖက်ကို ပိုမိုဖိအားပေးလာနိုင်ခဲ့တာတွေ့ရ သလို တောင်ကိုရီးယားအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကိုလည်း ခက်ခက်ခဲခဲ ဟန့်တားမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

တောင်ကိုရီးယားအသင်းကတော့ တိုက်စစ်မှာ လောနေခဲ့တာကြောင့် လိုအပ်နေတဲ့ ဂိုးတွေကို မရရှိခဲ့တာ ဖြစ်ပြီး အခွင့် အရေးတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

မက္ကဆီကိုအသင်းရဲ့ ဒုတိယဂိုးက အငြင်းပွားဖွယ်ရာအနေအထားကနေ ရယူခဲ့တာလို့ ဆိုရမှာ ဖြစ်ပြီးတောင်ကိုရီးယား အသင်း ခေါင်းဆောင် ကီဆောင်ယောင်းရဲ့ ခြေထောက်ကို မက္ကဆီကို ကစားသမား ဖြတ်ရိုက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြစ် ဒဏ်ဘောပေးဖို့ လစ်လျူရှုခဲ့ရာမှ ပေးလိုက်ရတာကြောင့် တောင်ကိုရီးယားအတွက်တော့ ရှုံးချက်နာခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

မက္ကဆီကိုအနေနဲ့ ဂျာမနီအသင်းနဲ့ ဆွီဒင်တို့ပွဲမှာ ရလဒ်ကို ကြည့်ပြီး အုပ်စုက သေချာပေါက်တက်ပြီ မတက်သေးဘူး စောင့်ကြည့်ရအုံးမှာ ဖြစ်ပြီး လက်ရှိ ၆ မှတ်ရရှိထားလို့ အခြေအနေကောင်းတစ်ရပ်ကိုတော့ ပိုင်ဆိုင်ထားပါတယ်။

တောင်ကိုရီးယားအသင်းကတော့ နှစ်ပွဲဆက် ပင်နယ်တီ တစ်လုံးစီပေးလိုက်ရတာတွေက အသင်းကို အရှုံးဖြစ်ပေါ်စေခဲ့တာ ဖြစ်ပြီး VAR စနစ်တွေက အသင်းကို အဓိက ဒုက္ခပေးခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

အုပ်စုလက်ကျန်ပွဲစဉ်တွေအဖြစ် မက္ကဆီကိုအသင်းက ဆွီဒင်နဲ့ ကစားဖို့ကျန်နေပြီး တောင်ကိုရီးယားကတော့ ဂျာမနီနဲ့ ကစား ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD