AD
AD
AD

ဂျာမနီအသင်းနဲ့ ဆွီဒင်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ အကြိတ်အနယ်ရှိခဲ့ပြီး လက်ရှိ ချန်ပီယံ ဂျာမနီအသင်းက နောက်က လိုက်ကစားပြီး ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ဆွီဒင်အသင်းက တွိုင်ဗိုနမ်က ပထမပိုင်း ၃၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း ဂျာမနီအသင်းက ဒုတိယ ပိုင်း ပြန်လည်စတင်တင်ချင်းမှာပင် ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

play

 

ဒီဂိုးကိုတော့ မာကိုရူးစ်က ပြေးဝင်ပိတ်သွင်းပြီး ရယူခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး ဂျာမနီအသင်း တရစပ် တိုက်စစ်ဆင်ခဲ့ပေမယ့် ဆွီဒင် နောက်တန်းနဲ့ ဂိုးသမားတို့ ကြံ့ကြံ့ခံထားနိုင်လို့ အနိုင်ဂိုး မရပဲရှိနေရာ ပွဲချိန် ၈၂ မိနစ် အရောက် နောက်ခံလူ ဘိုတန် နှစ်ဝါတစ်နီနဲ့ ထွက်ခဲ့ရလို့ ပိုမို စိုးရိမ်စရာ ကောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိချန်ပီယံတို့ဟာ မလျော့သော ဇွဲနဲ့ တစ်ယောက်လျော့ပေမယ့် တိုက်စစ်ဆင်လာခဲ့ရာမှာတော့ ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်အရောက်မှာတော့ တိုနီခရူးစ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ဂျာမနီအ တွက်မျှော်လင့်ချက်ရောင်ခြည်သန်းစေခဲ့ပါတယ်။

ဆွီဒင်အသင်းက ၃ မှတ် ဂျာမနီ အသင်းက ၃ မှတ် မက္ကဆီကိုအသင်းက ၆ မှတ်နဲ့ အဆိုပါ ၃ သင်းနောက်တစ်ဆင့်တက်ရေး အကြိတ်အနယ်ရှိနေခဲ့ပါပြီ။

မက္ကဆီကိုအသင်းကလည်း ၆ မှတ်ရထားပေမယ့် နောက်ဆုံးပွဲမှာ ဆွီဒင်နဲ့ ကစားရမှာ ဖြစ်တာကြောင့် အနိမ့်ဆုံး သရေဖို့ လိုအပ် နေသေးပြီး ရှုံးနိမ့်ခဲ့ပါက ဂျာမနီက တောင်ကိုရီးယားကို အနိုင်ရခဲ့လျှင် ၆ မှတ် ၃ သင်းတူညီနေမှာ ဖြစ်ပါတယ်။

အဆိုပါ အခြေအနေမှာ သွင်းဂိုးတွေက ဆုံးဖြတ်ပေးသွားမှာ ဖြစ်တာကြောင့်လည်း လက်ရှိအချိန်မှာတော့ မက္ကဆီကိုအသင်း အတွက်လည်း ဘာမှ မရေရာသေးတဲ့ အနေအထားကို ရောက်သွားခဲ့ရပါတော့တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD