AD
AD
AD

ဘရာဇီးက မက္ကဆီကိုကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တဲ့ ပွဲအပြီးမှာ ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ သရုပ်ဆောင်(ဟန်ဆောင်)မှုကို မက္ကဆီကို နည်းပြ ဂျူအန်ကားလို့စ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

play
Photo - BBC

 

" နေမာရဲ့ သရုပ်ဆောင်မှုတွေက ဘောလုံးလောကအတွက်တော့ ကောင်းတဲ့ ဥပမာမဟုတ်ပါဘူး။"လို့ မက္ကဆီကိုအသင်းနည်းပြ ကားလို့စ်က ပွဲအပြီးမှ ဝေဖန်လိုက်ပါတယ်။

play
Photo - BBC

 

နေမာအနေနဲ့ ပွဲချိန်အတွင်း ဒဏ်ရာရရှိမှုအပေါ်မှာ ဟန်ဆောင်မှုများ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့တာ ဖြစ်ပြီး ယခုလို ဟန်ဆောင်ဒိုင်ဗင်ထိုးနေမှု တွေကြောင့် ၎င်းကို စွပ်စွဲမှုများလည်း ရှိနေပါတယ်။

play
Photo - BBC

 

"ဘောလုံးလောကအတွက် ရှက်စရာကောင်းပါတယ်။ကစားသမားအတွက်နဲ့ ကျွန်တော်တို့ ပွဲချိန်အတွင်း တန်ဖိုးရှိတဲ့ အချိန်တွေ အများကြီး နစ် နာခဲ့ရပါတယ်။ကစားသမားတွေကို ဘောလုံးကို စိတ်ဆန္ဒပြင်းပြင်းပြပြ တိုက်ပွဲဝင်နေချိန်မှာသူက လူရွှင်တော်အကွက်တွေ လာလုပ်ပြခဲ့ပါတယ်။" လို့ ကားလို့စ်က ဆက်လက်ပြောခဲ့ပါတယ်။

play
Photo - BBC

 

နေမာက အဆိုပါပွဲမှာ ကိုယ်တိုင် တစ်ဂိုး သွင်းနိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားနေရာနေလည်း ကစားခဲ့ရသူ တစ်ဦး ဖြစ်ပေမယ့်လည်း ဟန်ဆောင် လှဲချမှုများ အော်ဟစ်မှုများ ပြုမူခဲ့တဲ့အပေါ် မက္ကဆီကို နည်းပြက ဝေဖန်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နေမာရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွင်း over action များအပေါ်မှာလည်း ပရိသတ်တွေက လူမှုကွန်ယက်တွေကတဆင့် လှောင်ပြောင် သရော်မှုများ ပြုလုပ်နေခဲ့တာတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ နေမာရဲ့ ဘရာဇီးအသင်းက ကွာတားဖိုငနယ်ကို တက်လှမ်းခဲ့ပြီဖြစ်ပြီး ဂျပန်ကို ၃-၂ ဂိုးနဲ့နိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ တွေ့ ဆုံ ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD