AD
AD
AD

ဘရာဇီး တိုက်စစ်မှူး နေမာအပေါ် ကမ္ဘာတစ်ဝန်းမှ ပရိသတ်တွေက ၎င်းရဲ့ အပြုအမူတွေကြောင့် ဝေဖန် ရှုတ်ချမှုတွေ အမျိုးမျိုးပြုလုပ်နေကြ ချိန်မှာ ဘရာဇီးအသင်းရဲ့ နည်းပြ တီထီကတော့ နေမာဖက်က ရပ်တည်ပေးခဲ့ပါတယ်။

play
Photo - Marca

 

နေမာဟာ မက္ကဆီကိုကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပေမယ့်လည်း အချိန်တော်တော်များများကို တစ်ဦးတည်းတစ်ကိုယ်ကောင်း ဆန်ဆန် ကစားနေခဲ့တဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

play
Photo - BBC

 

ဒါ့အပြင် ပွဲချိန်အတွင်း ဒဏ်ရာရခဲ့မှုအပေါ်မှာလည်း ဟန်ဆောင်နေခဲ့တာ၊အိုဗာအိုက်တင်တွေ စသဖြင့် လူမှုကွန်ယက်တွေမှာ ရေးသားဖော်ပြနေ ကြတာတွေလည်း ရှိနေပါတယ်။

play
Photo - BBC

 

ဒီအခြေအနေတွေကြားထဲမှာမှ ဘရာဇီးအသင်းရဲ့ နည်းပြ တီထီကတော့ နေမာရဲ့ ဖက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပြခဲ့ပါတယ်။

play
Photo - BBC

 

" အခြားအခြေအနေတစ်ရပ်မှာ ကျွန်တော်တို့ အင်အားတွေ ပိုစိုက်ထုတ်မယ်ဆိုရင် ဘောလုံးနဲ့ ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။အာရုံစူး စိုက်မှုတွေ လျော့ကျသွားမယ်။ဒါကြောင့် နေမာကို ကျွန်တော် ပြောခဲ့ပါတယ်။သူကလည်း ပြောတဲ့အတိုင်း ကစားပြခဲ့ပါတယ်။တစ်ခါတလေ လူ တွေက သူ့ကို နားမလည်ကြပါဘူး။သူကအရမ်းလျင်မြန်ဖျတ်လတ်တဲ့ ကစားသမားကောင်းတစ်ယောက်ပါ။" လို့ တီထီက ပြောခဲ့ပါတယ်။

ဒါ့အပြင် နေမာရဲ့ ခြေထောက်ကို တက်နင်းခဲ့တဲ့ မက္ကဆီကိုအသင်းက မီဂွဲလာယွန်းကလည်း အခုလို ပရိသတ်တွေကြား မရှင်းမလင်းဖြစ်စေခဲ့ ပါတယ်။

အဆိုပါ တက်နင်းခဲ့မှုအပေါ် နေမာက အလွန်အမင်း နာကျင်ခဲ့ဟန်ပြုမူခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေအကြား အမြင်အမျိုးမျိုး ရေးသားဖော် ပြတာတွေ ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။

" နေမာက ဘောလုံးပဲ ကစားတာပါ။ လူတွေ အပေါ်မတက်နင်းပါဘူး။လူတွေကသာ သူ့အပေါ်တက်နင်းကြတာပါ။အခုလိုမျိုး နေမာက ကွင်း အတွင်း တစ်ကိုယ်ကောင်းဆန်ဆန် ကစားပြနေတာက ပြစ်မှုကျူးလွန်ပြီး လိမ်နေတာလို့ ဆိုရမှာလား?တစ်ကယ်တော့ ဒီလိုဖြစ်ဖို့ ကျွန်တော် ကိုယ်တိုင်ပဲ သူ့ကို ညွန်ကြားထားခဲ့တာပါ။" လို့ ဘရာဇီး နည်းပြ တီထီက ရှင်းလင်းခဲ့ပါတယ်။

နေမာရဲ့ ဘရာဇီးအသင်းကတော့ကွားတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း နေမာရဲ့ အပြုအမူအပေါ် ပြိုင်ဖက် မက္ကဆီကို အသင်း နည်းပြ ကားလို့စ်က ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD