AD
AD
AD

ဂျပန်အသင်းကို မိနစ် ၇၀ လောက်အထိ ၂-၀ ဂိုးနဲ့ အရေးနိမ့်ထားရာမှ နောက်ကျ ချေပဂိုးတွေနဲ့အတူ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုရောက် မှ ချက်ဒလီရဲ့ သွင်းဂိုးနဲ့ ကွာတားတက်ခဲ့တဲ့ ဘယ်လ်ဂျီယံက ၅၂ နှစ်ကြာမြင့်နေပြီဖြစ်တဲ့ ဖြစ်ရပ်တစ်ခုကို တူးဆွခဲ့ပါတယ်။

play
Photo - Business Insider

 

ရွှေရောင်မျိုးဆက်နဲ့ ဒီကမ္ဘာ့ဖလားမှာ တစ်ခုခု လုပ်ပြမယ်လို့ အများကယုံကြည်ခြင်း ခံထားရတဲ့ ဘယ်လ်ဂျီယံအသင်းကို ဂျပန်အသင်းက ဦး ဆောင်ဂိုး ၂ ဂိုးအထိသွင်းယူပြထားတာဟာ ကမ္ဘာကို ကိုင်လှုပ်ခဲ့ပါတယ်။

play
Photo - Business Insider

 

ဒါပေမယ့်လည်း ရွှေရောင်မျိုးဆက်ရဲ့ စွမ်းပကားကို အားလုံးမြင်တွေ့ခဲ့ကြပြီး ချေပဂိုး တွေနဲ့အတူ နောက်ကျ အနိုင်ဂိုးပါသွင်းယူပြီး ကွာတားဖိုင် နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

play
Photo - Business Insider

 

ဒီလိုမျိုး ၂ ဂိုးအရှုံးကနေ ပြန်လာနိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ပွဲစဉ်ကတော့ကမ္ဘာ့ဖလားမှာ မရှိတော့တာ တော်တော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး နောက် ဆုံး ပွဲကတော့ ၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းက ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

play
Photo - Goal.com

 

မြောက်ကိုရီးယားအသင်းနဲ့ ပွဲမှာ ၂ ဂိုး ဦးဆောင်ထားခံရပြီးမှ ပွဲအပြီးမှ တော့ ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ ယခုလို ကမ္ဘာ့ဖလားမှာ ၂ ဂိုးရှုံးထားတဲ့အသင်းက ပြန်မလာနိုင်တော့တာ ဘယ်လ်ဂျီယံမတိုင်ခင်အထိပါပဲ။

ယခုလို ကွာတားဖိုင်နယ်တက်ရောက်သွားတဲ့ ဘယ်လ်ဂျီယံအသင်းကတော့ ကွာတားဖိုင်နယ်အဆင့်မှာ မက္ကဆီကို အသင်းကို ၂-၀ ဂိုးနဲ့ အနိုင် ယူလာခဲ့တဲ့ ဘရာဇီးအသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD