AD
AD
AD

ဘရာဇီး ၂-၀ မက္ကဆီကို အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲချိန်အတွင်း စကားများစွာ ပြောခဲ့တဲ့ မက္ကဆီကိုအသင်းသားတွေကို ဘရာဇီး တိုက်စစ်မှူး နေမာက ပြန်လည်ပြောဆိုခဲ့ပါတယ်။

play

 

ဒုတိယပိုင်းအတွင်း မက္ကဆီကိုအသင်းက လာယွန်းရဲ့ တက်နင်းမှုခံခဲ့ရပြီးနောက် မြေပြင်မှာ လူးလိမ့်ခဲ့တဲ့ နေမာ့ကို မက္ကဆီကိုအသင်းနဲ့ ပရိသတ် တွေက ဟန်ဆောင်ကောင်းလွန်းတယ်၊လိမ်နေခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

play

 

ဒီလို ပြောဆိုနေကြတဲ့ မက္ကဆီကိုအသင်းနဲ့ ပရိသတ်တွေကို -" ဒီလိုပြောနေတာတွေက မမျှတပါဘူး။ဘောလုံးဆိုတာ ကွင်းထဲမှာတင်ကစားနေ တာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။ခုတော့လည်း စကားတွေအများကြီးပြောခဲ့ကြပြီး အိမ်ပြန်သွားကြပြီလား" ဆိုပြီး ပြန်လည် ပြောဆို ခဲ့ပါတယ်။

play

 

နေမာဟာ အဆိုပါ ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားအဖြစ်လည်း အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့်လည်း၎င်းရဲ့ ကစားဟန်အပေါ် မေးခွန်းပေါင်းများစွာ ထုတ်နေကြပြန်ပါတယ်။

ဒီလို မေးခွန်းထုတ်နေတဲ့အပေါ်မှာလည်း ဘရာဇီး နည်းပြတီထီက -" အခုလိုမျိုး နေမာက ကွင်း အတွင်း တစ်ကိုယ်ကောင်းဆန်ဆန် ကစားပြနေတာက ပြစ်မှုကျူးလွန်ပြီး လိမ်နေတာလို့ ဆိုရမှာလား?တစ်ကယ်တော့ ဒီလိုဖြစ်ဖို့ ကျွန်တော် ကိုယ်တိုင်ပဲ သူ့ကို ညွန်ကြားထားခဲ့ တာပါ။" လို့ ရှင်းလင်းခဲ့ပါတယ်။

အနိုင်ရပြီး  ကွာတားတက်ခဲ့တဲ့ ဘရာဇီးအသင်းကိုမူ နေမာက -" တစ်သင်းလုံးကို ဂုဏ်ပြုပါတယ်။တစ်ခါတလေတော့လည်း ဒီလို ခံစားရမှုလေး တွေကြုံရတတ်ပါတယ်။မက္ကဆီကိုအသင်းက အသင်းကောင်းတစ်သင်းပါ။ဒါပေမယ့် ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်။" လို့ ဆက်လက်ပြော ခဲ့ပါသေးတယ်။

ဘရာဇီးကတော့ ကွာတားဖိုင်နယ်မှာ ဂျပန်ကို အနိုင်ယူလာခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ဆက်လက်ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD