AD
AD
AD

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက နောက်ကနေ ဂိုးတွေ လိုက်လံသွင်းယူခဲ့ပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားတာကြောင့် ဂျပန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

play

play

 

ဂျပန်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုးအထိ သွင်းယူပြီးမှ ဘယ်လ်ဂျီယံအသင်းကို ၃ ဂိုးပြန်ပေးခဲ့ရတာကြောင့် ပရိသတ်တွေအနေနဲ့ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် ဂျပန်အသင်းရဲ့ပရိသတ်တွေဟာ အမြဲတမ်းပြုလုပ်နေကျကိစ္စဖြစ်တဲ့ ကွင်းအတွင်း သန့်ရှင်းရေးအတွက် အမှိုက်တွေကို သိမ်းဆည်းပေးခဲ့ပြီး အားလုံးရဲ့ ချီးကျူးပြောဆိုမှုတွေကို ရရှိခဲ့ပါတယ်။

play

 

ဂျပန်အသင်းကလည်း ရှုံးနိမ့်မှုအတွက် ဝမ်းနည်းကြေကွဲနေကြပေမယ့် ဂျပန်ပရိသတ်တွေ လူအားလုံးကို အံ့အားသင့်စေခဲ့သလို အဝတ်လဲခန်းအတွင်းမှာ ပြုမူဆောင်ရွက်ပြခဲ့ပါသေးတယ်။ ဂျပန်အသင်းဟာ ပြီးခဲ့တဲ့ ကိုလံဘီယာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးတုန်းက အဝတ်လဲခန်းအတွင်းမှာ သန့်ရှင်းရေးပြုလုပ်ခဲ့တဲ့အတိုင်း ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သန့်ရှင်းတောက်ပြောင်နေအောင် ပြုလုပ်ခဲ့ပါတယ်။

play

 

ဂျပန်တွေရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေဟာ အခြားနိုင်ငံအသင်းတွေရဲ့ပရိသတ်တွေကိုပါ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဆီနီဂေါအသင်းပရိသတ်တွေဟာ အုပ်စု H ပွဲစဉ်အပြီးမှာ ကွင်းအတွင်းက အမှိုက်တွေကို သိမ်းဆည်းခဲ့ကြပါတယ်။ ဂျပန်အသင်းဟာ အသုံးပြုခဲ့တဲ့ အဝတ်လဲခန်းကို သန့်ရှင်းတောက်ပြောင်နေအောင် ပြုလုပ်ခဲ့တဲ့အပြင် ရုရှားလို 'ကျေးဇူးတင်ပါတယ်'ဆိုတဲ့ စာသားလေးကို စားပွဲပေါ်မှာ တင်ပေးထားခဲ့ပါတယ်။

play

play

play

 

ဂျပန်အသင်းဟာ ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာမှန်ပေမယ့် ကစားပွဲအတွင်း၊ ကစားပွဲပြင်ပ နှစ်ခုစလုံးက ကောင်းမွန်တဲ့ အမူအကျင့်တွေကပဲ ဂျပန်အသင်းကို လေးစားချစ်ခင်သူတွေ ပိုမိုတိုးပွားစေခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲက ဂျပန်အသင်း အောင်မြင်စွာဆုတ်ခွာခြင်းလို့ ဆိုရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD