AD
AD
AD

ယနေ့ညကစားရမည့် ကိုလံဘီယာအသင်းနှင့်ကမ္ဘာ့ဖလား၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွင် ပွဲချိန်အတွင်းသရေကျခဲ့ပါက ပင်နယ်တီကန်ရန်အတွက် အင်္ဂလန်ကစားသမားငါးဦးစာရင်းအသင့်ရှိနေပြီဟု Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။

play

 

အဆိုပါစာရင်းတွင် ဟယ်ရီကိန်း၊ ထရစ်ပီယာ၊ လင်ဂတ်၊ ဟက်ဒါဆင်၊ အက်ရှ်လေယန်း တို့ပါဝင်နေသည်။ ပင်နယ်တီကန်သွင်းရမည့် ကစားသမားစာရင်းတွင် ယူရို၂၀၁၂ပြိုင်ပွဲ၌ ပင်နယ်တီလွဲချော်ခဲ့သော အက်ရှ်လေယန်းပါဝင်နေသည့်အပေါ် အင်္ဂလန်ပရိသတ်အချို့က စိတ်ပူနေကြသည်။

"ပင်နယ်တီကန်မယ့်စာရင်းကိုမေးတော့ ကန်ဖို့အတွက် ကျွန်တော် ပထမဆုံးစာရင်းပေးခဲ့တာပါ။" ဟု ယူရို ၂၀၁၂ ကွာတားဖိုင်နယ်တွင် အီတလီအသင်းဘက်သို့ ပင်နယ်တီလွဲချော်ခဲ့သည့် အက်ရှ်လေယန်းကပြောသည်။

play
photo - Daily Mail

အင်္ဂလန်အသင်းမှာ အသင်းသမိုင်းတလျှောက် အဓိကပြိုင်ပွဲကြီး ခုနှစ်ပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပြီး ခြောက်ပွဲရှုံးနိမ့်ထားသည်။ "ဒီအချိန်က ကစားသမားတွေအတွက် သမိုင်းသစ်ရေးရမယ့်အချိန်ပါ။ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ပွဲကိုပဲ အာရုံစိုက်ထားပြီး စွမ်းဆောင်ရည်ကောင်းဖို့ပဲ အာရုံစိုက်မှာပါ။" ဟု နည်းပြ ဆောက်ဂိတ်ကပြောသည်။

အင်္ဂလန်နှင့် ကိုလံဘီယာအသင်းတို့မှာ သမိုင်းတလျှောက် ငါးကြိမ်တွေ့ဆုံဖူးပြီး အင်္ဂလန်က သုံးပွဲနိုင်၊ နှစ်ပွဲသရေကျကာ ရှုံးပွဲမရှိကစားထားနိုင်သည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD