AD
AD
AD

အသက် ၃၂ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ၀ိန်းရွန်နီက ၂၀၁၈ ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန် အသင်းသားတွေကို အားပေးစကားဆိုလိုက်ပါတယ်။

play
Photo - ecolightsolutions.org

 

ဝိန်းရွန်နီက အင်္ဂလန်အသင်းအတွက် အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်ခဲ့သလို ကမ္ဘာ့ဖလားနဲ့ဥရောပဖလား ပြိုင်ပွဲအပါအ၀င် အခြားသော ပြိုင်ပွဲ တွေကိုလည်း ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

play
Photo - ecolightsolutions.org

 

" ဒီအချိန်က အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။ဒီအချိန်မှာ အားလုံးသော ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ် ရမယ်ဆိုတဲ့ အိပ်မက်ကို ထားရှိထားဖို့ လိုနေပါပြီ။" လို့ ရွန်နီက ပြောခဲ့ပါတယ်။

play
Photo - ecolightsolutions.org

အင်္ဂလန်အသင်းကို အများက စောင့်ကြည့်နေကြပြီး ယခုနှစ် အုပ်စုအဖွင့် ၂ ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် အင်္ဂလန်အသင်းသားတွေ စိတ်ဓာတ် မြင့်တက်လာခဲ့ပါတယ်။

ရွန်နီက -" စောသေးတယ်ဆိုပေမယ့် ဘာမဆို ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ ပြန်လာရသည်ဖြစ်စေ ၊ နောက်တစ်ဆင့် တက်ခဲ့သည်ဖြစ်စေ မီဒီ ယာနဲ့ ပရိသတ်တွေက စောင့်ကြိုနေမှာပါပဲ။လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော် အသင်းခေါင်းဆောင်အဖြစ်နဲ့ အင်္ဂ လန်ကို ဦးဆောင်ခဲ့တယ်။အသင်းသားအားလုံး အရည်အချင်းကိုယ်စီနဲ့ စွမ်းဆောင်ရည်တွေမြင့်မားကြတာ ကျွန်တော်မြင်ခဲ့တယ်။အခုလည်း ပရိ သတ်တွေက ထပ်ပြီးအားပေးနေဆဲပဲ။ဒါကြောင့် ကျွန်တော်တို့ အိပ်မက်တွေ ကြီးကျယ်ခမ်းနားနေဖို့တော့ လိုပါတယ်။" လို့ အားပေးစကားဆိုခဲ့ ပါတယ်။

ရွန်နီမှာ ၂၀၁၆ ယူရိုဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ကစားခဲ့သူ ဖြစ်ပြီး  ပြိုင်ပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။

လက်ရှိအသင်းရဲ့ ခေါင်းဆောင် ဟယ်ရိကိန်းအပါအ၀င် ၊အလီ၊စတားလင်း၊ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့က ကြောက်စရာ ကောင်းတဲ့ တိုက်စစ်မှူး တွေလို့ မှတ်ချက်ပေးခဲ့ပြီး နည်းပြ ဆောက်ဂိတ်က လွတ်လပ်စွာ ကစားခွင့်ပေးမယ်လို့လည်း မျှော်လင့်နေပါတယ်။

ရွန်နီက လက်ရှိမှာ အဲဗာတန်အသင်းကနေ အမေရိကန်လိဂ် DC ယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ ဒီကနေ့ည မြန်မာစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၀၀း၃၀ အချိန်မှာ ကိုလံဘီယာအသင်းနဲ့ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ပွဲစဉ်ကို ကစားရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD