AD
AD
AD

အင်္ဂလန်အသင်းရဲ့နည်းပြ ဂါးရတ်ဆောက်ဂိတ်က အသင်းရဲ့ကစားသမားတွေကို ရှုံးထွက်အဆင့်မှာ အနိုင်ကစားပြီး ကမ္ဘာ့ဖလားအောင်ပွဲကို ရယူကြဖို့ တောင်းဆိုလိုက်တယ်လို့ Mirror မှာ ဖော်ပြထားပါတယ်။

play

 

နည်းပြဆောက်ဂိတ်က ကိုလံဘီယာအသင်းနဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မတိုင်မီ ကံကြမ္မာက မိမိတို့လက်ထဲမှာသာ ရှိနေကြောင်းနဲ့ ရှုံးထွက်အဆင့် မတက်ရောက်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်တာကြောင့် အသင်းသားတွေအနေနဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

play

play

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါးရတ်ဆောက်ဂိတ်က အသင်းသားတွေကို ပြီးခဲ့တဲ့နှစ်နွေရာသီက ဗြိတိန်တော်ဝင်ရေတပ်စခန်းမှာ အတူလေ့ကျင့်ခဲ့တဲ့စိတ်ဓာတ်အတိုင်း ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာ ပြသကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟန်ဒါဆင်ဆီကနေ လက်လွှဲတာဝန်ယူခဲ့တဲ့ ဟယ်ရီကိန်းကို အားလုံးက စောင့်ကြည့်ခဲ့ကြပြီး ဟယ်ရီကိန်းက အင်္ဂလန်အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

play

 

ဆောက်ဂိတ်က အင်္ဂလန်အသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ့် ကံကြမ္မာက အသင်းသားတွေအားလုံးရဲ့လက်ထဲမှာ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီက မရိန်းတပ်သားတွေနဲ့အတူ လေ့ကျင့်ရေးတွေပြုလုပ်ခဲ့တဲ့အကြောင်းကို ဆောက်ဂိတ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"သူတို့တွေဟာ ကျွန်တော်တို့တိုင်းပြည်အတွက် အင်မတန်ဂုဏ်ယူစရာကောင်းလောက်အောင် ကိုယ်စားပြုနေတဲ့ ထိပ်သီးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်"

"အဲဒါက ကျွန်တော့်ရဲ့အသင်းသားတွေ သူတို့ တိုင်းပြည်အတွက် ကိုယ်စားပြုပေးရတဲ့အခါမှာ ရှုံးနိမ့်မှုရဲ့ အကျိုးဆက်တွေကို သူတို့ ပိုပြီး စိတ်ထဲမှာ အလေးအနက်ထားရမယ်ဆိုတဲ့အချက်ကို နားလည်စေတဲ့အရာဖြစ်တဲ့အတွက် ကောင်းမွန်ပါတယ်။ အဲဒါကို ဘောလုံးပွဲစဉ်တစ်ခုကို ကစားနေတဲ့အနေအထားနဲ့ ဆက်စပ်လိုက်ပါ။ မရိန်းတပ်သားတွေရဲ့အသက်အရွယ်ကလည်း ကျွန်တော့်အသင်းသားတွေနဲ့ အတူတူလောက်ပါပဲ"

play

"ကျွန်တော်တို့အင်္ဂလန်အသင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို အနိုင်ရရှိခဲ့ချိန်က အခုဆိုရင် ၁၀ နှစ်ကျော်ခဲ့ပါပြီ။ ဒါပေမယ့် အခု ဒီအသင်းကတော့ အဲဒီအဆင့်ထက် ကျော်လွန်တဲ့အတွေ့အကြုံတွေကို ရရှိနိုင်မယ့်အခွင့်အရေးရှိတဲ့အသင်းပါ"

"သူတို့ အဲဒီအခွင့်အရေးကို မြည်းစမ်းကြည့်ရပါမယ်။ အသင်းသားတွေအားလုံးဟာ ကိုယ့်သမိုင်းကိုယ်ရေးဖို့ အခွင့်အရေးတွေရှိနေပါတယ်"

"သူတို့မှာ ကိုယ့်သမိုင်းကိုယ်ရေးဖို့အခွင့်အရေးတွေ ရှိပါတယ်။ သူတို့တိုင်းပြည်အတွက် ကောင်းမွန်စွာ လုပ်ပေးချင်တယ်ဆိုရင် သူတို့ရဲ့ဝတ်စုံကို ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD