AD
AD
AD

ကိုလံဘီယာအသင်းရဲ့ တိုက်စစ်မှူး ဖယ်လ်ကာအိုက ဒီကနေ့ ကစားမယ့် အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောလာပါတယ်။

play

 

အကြောင်းကတော့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့မှာ ကစားခဲ့စဉ် ခြေစွမ်းကောင်းမွန်ခဲ့ခြင်း မရှိခဲ့တဲ့အပေါ် ပြန်လည်ချေဖျက် ပြ ချင်တာလို့လည်း သိရပါတယ်။

play

 

လက်ရှိအသင်းခေါင်းဆောင်အဖြစ်နဲ့ ကိုလံဘီယာအသင်းကို ဦးဆောင်နေပြီး အင်္ဂလန်မှာ မအောင်မြင်ခဲ့တဲ့ ကာလတွေအတွက်လည်း စိတ်ထဲ မရှိပဲ အသင်းအနိုင်ရဖို့ မိမိရဲ့ ခြေစွမ်းအစစ်အမှန်ကို ပြသချင်နေတာပဲရှိတယ်လို့လည်း ဖယ်လ်ကာအိုက ဆိုပါတယ်။

play

 

"ကောင်းပြီ၊အင်္ဂလန်မှာ မအောင်မြင်ခဲ့တာ ၀န်ခံပါတယ်။ဒါပေမယ့် ဒါက ကျွန်တော့်ဘ၀ရဲ့တစ်စိတ်တစ်ဒေသပါပဲ၊လောလောဆယ် ဒီကနေ့ ပွဲကို ပဲ အာရုံစိုက်ထားပါတယ်။အခုချိန်မှာ ကျွန်တော်ပြောချင်တာ တစ်ခုက ဒီပွဲမှာအကောင်းဆုံး ခြေစွမ်းပြပြီး ကျွန်တော် ဘယ်လို အဆင့်မြင့် ကစား သမားဆိုတာပဲ သက်သေပြချင်ပါတယ်။" လို့ ဖယ်လ်ကာအိုက ဆိုခဲ့ပါတယ်။

လက်ရှိမှာလည်း အင်္ဂလန်အသင်း နောက်ခံလူ ဂယ်ရီကာဟေးလ်ကလည်း အင်္ဂလန်အသင်းကို အဓိက ဒုက္ခပေးနိုင်တဲ့ ကိုလံဘီယာကစားသမား တွေက တိုက်စစ်မှူး ဖယ်လ်ကာအိုနဲ့ ကွာဒရာဒိုတို့ နှစ်ဦးဖြစ်ပြီးသူတို့ နှစ်ယောက်ပေါင်း အတွဲကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ ရှိတယ်လို့ ထုတ်ဖော် ပြောထားတာကြောင့် ဖယ်လ်ကာအို ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

ဖယ်လ်ကာအိုမှာ ယခင် အက်သလက်တီကိုအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ဥရောပမှာ နာမည်ကြီးလာတဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန် ကိုရောက်ချိန်မှာတော့ တောက်ပမှု ရပ်တန့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ကိုလံဘီယာပွဲကို ဒီကနေ့ည မြန်မာစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၀၀း၃၀ အချိန်မှာ ကစားရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD