AD
AD
AD

ဒီကနေ့ည မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ ကစားမယ့် ဆွီဒင်နဲ့ ဆွစ်ဇာလန်အသင်းတို့ဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံနေ တာဖြစ်ပါတယ်။

play

 

ပွဲကြို အချက်အလက်များ
-----------------------

- တွေ့ဆုံမှုကတော့ ၂၈ ကြိမ်အထိ ရှိခဲ့ဖူးပြီး ကမ္ဘာ့ဖလားမှာသာ တစ်ကြိမ်မှ မတွေ့ဖူးတာလည်း ဖြစ်ပါတယ်။

- ၁၉၅၈ ခုနစ်တုန်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ပြီးနောက် ဆွီဒင်အသင်း ဗိုလ်လုပွဲမရောက်တော့ပါဘူး။

- ဒီပွဲက ဆွီဒင်အသင်းသမိုင်းတစ်လျှောက် ပွဲ ၅၀ မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လို့ ပိုပြီး အမှတ်ရနေစေမှာပါ။

- ပွဲ ၅၀ ပြည့်မြောက်တဲ့ ၁၁ နိုင်ငံမြောက်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။

- ၁၉၅၄ နောက်ပိုင်းမှာ ဆွစ်ဇာလန်အသင်းက ကွာတားဖိုင်နယ်ကို မရောက်နိုင်တော့ပါဘူး။

play

 

ထိပ်တိုက်တွေ့ဆုံမှု
------------------

ဆွစ်ဇာလန် ၃-၁ ဆွီဒင် (၁၉၉၁ ခြေစမ်းပွဲ)

ဆွစ်ဇာလန် ၂-၁ ဆွီဒင် (၁၉၉၃ ခြေစမ်းပွဲ)

ဆွစ်ဇာလန် ၄-၂ ဆွီဒင် (၁၉၉၄ ဥရောပဖလားခြေစစ်ပွဲ)

ဆွစ်ဇာလန် ၀-၀ ဆွီဒင် (၁၉၉၅ ဥရောပဖလား ခြေစစ်ပွဲ)

ဆွစ်ဇာလန် ၀-၂ ဆွီဒင် (၂၀၀၁ ခြေစမ်းပွဲ)

ဆွစ်ဇာလန် ၁-၁ ဆွီဒင် (၂၀၀၂ ခြေစမ်းပွဲ)

နောက်ဆုံး ၆ ကြိမ်တွေ့ဆုံထားမှုကို ကြည့်ရင် ဆွစ်ဇာလန်က ၃ ပွဲနိုင် ၂ ပွဲသရေကျပြီး ၁ ပွဲသာရှုံးထားတာကိုတွေ့ရပါတယ်။

play
play

 

လွဲချော်မယ့်သူများ
-----------------

ဒီကနေ့ပွဲမှာ ဆွီဒင်အသင်းက အားထားရတဲ့ ကွင်းလယ်ကစားသမား လာဆင် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ဆွစ်ဇာလန် အသင်းကလည်း အသင်းခေါင်းဆောင် လက်ခ်ျစတိန်နာနဲ့ဖေဘီယန်ရှားတို့ ပါဝင်ခွင့်မရပါဘူး။

ဆွီဒင်အသင်းက လာဆင်နေရာမှာ ဂူစ်တဗ်ဆဗန်ဆန်နဲ့ အစားထိုး ထည့်သွင်း ကစားဖို့ရှိနေပြီး ဆွစ်ဇာလန်အသင်းကလည်း အသင်းခေါင်း ဆောင် လက်ခ်ျစတိန်နာနေရာမှာ မိုက်ကယ်လန်းကိုလည်းကောင်း ဖေဘီယန်ရှားနေရာမှာ ဒီဂျိုရူးနဲ့လည်းကောင်း အသီးသီး အစားထိုး အသုံး ပြုဖို့ရှိနေပါတယ်။

play

 

ခန့်မှန်းရလဒ်
-------------

ဆွစ်ဇာလန် ၁-၁ ဆွီဒင်

အချိန်ပိုနဲ့ ပင်နယ်တီအထိ ကစားသွားရမယ်လို့ ခန့်မှန်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD