AD
AD
AD

ဥရုဂွေးအသင်းရဲ့အားထားရတဲ့ ကြယ်ပွင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ ယနေ့နံနက်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ကာဗာနီကတော့ ယင်းလေ့ကျင့်ရေးအစီအစဉ်ကို ဒဏ်ရာကြောင့်မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

play

play

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ နစ်ဇီနော့ဗ်ဂိုရော့ဒ်ကွင်းထဲမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ညာဘက်ခြေထောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့တာဖြစ်ပြီး ကာဗာနီကတော့ ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

 

လူးဝစ်ဆွာရက်ဇ်ဟာ လေ့ကျင့်ရေးပြုလုပ်နေစဉ်အတွင်း ညာခြေမှာ ပြဿနာတစ်စုံတစ်ရာရှိနေပုံပေါ်ပြီး ထော့နဲ့ထော့နဲ့ဖြစ်နေတာကြောင့် ကွင်းဘေးစည်းမှာ သွားရောက်နားနေခဲ့ရပါတယ်။ ဆွာရက်ဇ်ဟာ ခဏအကြာမှာ လေ့ကျင့်ရေးပြန်လည်ပြုလုပ်ခဲ့ပေမယ့် ယင်းဖြစ်ရပ်က သောကြာနေ့မှာ ပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားရမယ့်ပွဲစဉ်အတွက် ဥရုဂွေးနည်းပြ တာဘာရက်ဇ်ထည့်သွင်းစဉ်းစားရမယ့် စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။

play

 

ကာဗာနီဟာ ပေါ်တူဂီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုးစလုံးသွင်းယူပေးခဲ့သူဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဥရုဂွေးအသင်း ယနေ့ပြုလုပ်တဲ့လေ့ကျင့်ရေးအစီအစဉ်ကို သွားရောက်မပူးပေါင်းခဲ့ပေမယ့် GYM မှာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့တာကို ဥရုဂွေးအသင်းရဲ့တွစ်တာအကောင့်မှာ တင်ထားတဲ့ဓာတ်ပုံတွေအရ သိရပါတယ်။

play

 

ယမန်နေ့က ကာဗာနီရဲ့တံကောက်ကြောဒဏ်ရာကို ဓာတ်မှန်ရိုက်ပြီး စစ်ဆေးခဲ့ရာမှာတော့ ကြွက်သားစုတ်ပြဲမှုမရှိတာကို တွေ့ရပေမယ့် ပြင်သစ်အသင်းနဲ့ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်း ရှိ၊ မရှိကတော့ မသေချာမရေရာဖြစ်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD