AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန်ဗုဒ္ဓဟူးနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်)မှာ ကိုလံဘီယာအသင်းနဲ့ အင်္ဂလန်အသင်းတို့ဟာ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှု

 

ကမ္ဘာ့ဖလားမှာ ၂ ကြိမ်မြောက် တွေ့ဆုံမှာဖြစ်။

၂၀ မေ ၁၉၇၀ကိုလံဘီယာ Vs အင်္ဂလန် ၀-၄နိုင်ငံတကာခြေစမ်းပွဲ
၂၄ မေ ၁၉၈၈အင်္ဂလန် Vs ကိုလံဘီယာ ၁-၁Rous ဖလား
၆ စက်တင်ဘာ ၁၉၉၅အင်္ဂလန် Vs ကိုလံဘီယာ ၀-၀နိုင်ငံတကာခြေစမ်းပွဲ
၂၆ ဇွန် ၁၉၉၈ကိုလံဘီယာ Vs အင်္ဂလန် ၀-၂ဖီဖာကမ္ဘာ့ဖလား
၃၁ မေ ၂၀၀၅အင်္ဂလန် Vs ကိုလံဘီယာ ၃-၂နိုင်ငံတကာခြေစမ်းပွဲ

 

ပွဲကြိုအချက်အလက်များ

play

 

-အင်္ဂလန်အသင်းဟာ ကိုလံဘီယာနဲ့နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲမှမရှုံးနိမ့်ခဲ့။(၃ ပွဲနိုင် ၂ ပွဲသရေ)

-အင်္ဂလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ရှုံးထွက် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထား။

-အင်္ဂလန်အသင်းက နောက်ဆုံးကစားခဲ့တဲ့ရှုံးထွက် ၁၈ ပွဲမှာ ၁ ပွဲသာဂိုးမသွင်းနိုင်ခဲ့။

-ကိုလံဘီယာအသင်းဟာ ရှုံးထွက်အဆင့်ကို တတိယအကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်။

-ယခုကမ္ဘာ့ဖလားမှာ ကိုလံဘီယာသွင်းယူထားတဲ့ ၅ ဂိုးမှာ ၃ ဂိုးက Set-pieces တွေက ရရှိခဲ့တာဖြစ်။

-ကိုလံဘီယာအသင်းက နောက်ဆုံးကစားခဲ့တဲ့ကမ္ဘာ့ဖလား ၈ ပွဲမှာ ပွဲတိုင်းဂိုးသွင်းယူနိုင်ခဲ့။

 

နှစ်ဖက်အသင်းသတင်းများ

play

 

ဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့နောက်ဆုံး ၂ ပွဲကို လွဲချော်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဒဲလ်အယ်လီဟာ ယနေ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ပြီလို့ သိရ။

play

 

ကိုလံဘီယာအသင်းရဲ့အားထားရတဲ့ကြယ်ပွင့်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက် ပြန်လည်ပါဝင်လာမယ်လို့သိရ။

 

ခန့်မှန်းပွဲထွက်လူစာရင်း

play

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD