AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆)သင်း အဆင့် ရှုံးထွက်ပွဲတွေကို ဒီနေ့ ဆက်လက်ကျင်းပရာမှာ ဆွီဒင် နဲ့ ဆွစ်ဇာလန်တို့ ကစားခဲ့ကြပါတယ်။ ဆွီဒင်အသင်းကတော့ လူစုံနီးပါး ပါဝင်ခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းမှာ အသင်းခေါင်းဆောင် လက်စတိန်နာ ပါဝင်ခဲ့ခြင်း မရှိပဲ မိုက်ကယ်လန်းက သူ့နေရာမှာ ၀င်ရောက်ကစားခဲ့ပါတယ်။

play

 

ပထမပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ ကစားပုံက အေးစက်နေခဲ့ပြီး အမှားမခံစတမ်းသာ ရည်ရွယ်ပြီး ကစားနေခဲ့လို့ ပွဲက အကြိတ်အနယ် မရှိခဲ့ပဲ သမာန်ပွဲတစ်ပွဲထက် ပိုတဲ့မြင်ကွင်းတွေကို မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ တိုက်စစ်ဟာ ထိရောက်မှုမရှိခဲ့ပဲ ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုးကန်သွင်းခွင့် မယ်မယ်ရရ မရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ခြေစွမ်းပိုင်းသိပ်မကွာတဲ့ အသင်းနှစ်သင်းဖြစ်တာမို့လည်း အမှားအယွင်းမခံပဲ ပြိုင်ဘက်ရဲ့ အလစ်အငိုက်ကိုသာ စောင့်ဆိုင်းပြီး ကစားနေခဲ့တာမို့ ပွဲက ထင်သလောက် ကြည့်မကောင်းခဲ့ပဲ အေးစက်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဆွစ်ဇာလန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီး ရရှိခဲ့ပြီး ဆွီဒင်အသင်းကို ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။

play

 

ဆွစ်ဇာလန်ဟာ ထောင့်ကန်ဘော (၁၀) ကြိမ်အထိ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ရှာကွီရီ၊ ဇာခါတို့ရဲ့ အားနဲ့ ဆွစ်ဇာလန်အသင်း ဒုတိယပိုင်းမှာ ပိုမိုဖိအားပေးကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးကို မပြုလုပ်နိုင်ခဲ့ပါဘူး။ ဆွီဒင်ကတော့ ပုံမှန်အတိုင်း ပွဲကို ထိန်းကစားနေရင်းနဲ့ (၆၆) မိနစ်မှာတော့ တွိုင်ဗိုနမ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဖောဘက်စ်ဂ်ျက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

play

 

ဂိုးပေးလိုက်ရပြီးနောက်မှာ ဆွစ်ဇာလန်အသင်းဟာ တိုက်စစ်ပိုင်းကို နေရာစုံကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖန်တီးပေးနိုင်မှု အားနည်းနေသလို ဆွီဒင်ရဲ့ ခံစစ်ပိုင်းမာကျောမှုကို မကျော်လွှားနိုင်ခဲ့တာကြောင့် ချေပဂိုးနဲ့ အလှမ်းဝေး နေခဲ့ရပါတယ်။ ဆွီဒင်ကတော့ အနိုင်ဂိုးကို ထိန်းကစားပြီး တန်ပြန်တိုက်စစ်ကိုပဲ ပုံဖော်နေခဲ့ပါတယ်။

play

 

နာကျင်အချိန်ပို (၃) မိနစ်အရောက်မှာ ဆွီဒင်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးဖို့ ကြိုးစားရင်း နောက်ခံလူ မိုက်ကယ်လန်း အနီကတ် ပြသခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်ကတော့ ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့် VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုအပြီးမှာ ပယ်နယ်တီမသတ်မှတ်ပေးပဲ အလွတ်တည်ကန်ဘောအဖြစ် ပြင်ဆင်ခဲ့ပါတယ်။

play

 

ပွဲအပြီးမှာတော့ ဆွီဒင်အသင်းဟာ ဖောဘက်စ်ဂ်ျရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD