AD
AD
AD

ဒီနေ့နံနက် (၁၂း၃၀) နာရီမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကိုလံဘီယာ နဲ့ အင်္ဂလန်တို့ပွဲကို ကစားခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်အတွက် အသင်း(၇)သင်း အဖြေထွက်ပေါ်နေခဲ့ပြီး လက်ကျန်တစ်နေရာစာအတွက် ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။

play

 

အင်္ဂလန်အသင်းမှာတော့ ကစားသမားအစုံအလင် ပါဝင်ခဲ့ပြီး ဟယ်ရီကိန်း၊ အလီ၊ စတာလင်၊ လင်ဂတ်၊ ထရစ်ပီယာ အစရှိတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ကိုလံဘီယာအသင်းကတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဒဏ်ရာရရှိနေလို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပဲ ဖယ်လ်ကာအို၊ ကွာဒရာဒို၊ ကွင်တဲရိုး၊ အော့စ်ပင်နာတို့ကို ပွဲထွက်အသုံးပြုခဲ့ပါတယ်။

play

 

ပထမပိုင်း တစ်သင်းနဲ့တစ်သင်း ရှိန်နေခဲ့ကြပြီး ထိန်းကစားခဲ့ကြလို့ ပွဲက အနည်းငယ်အေးစက်နေခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားပုံက လိုအပ်ချက်တွေ အများအပြားရှိနေခဲ့ပြီး အလီ၊ စတာလင် နဲ့ ဟယ်ရီကိန်းတို့ကြားမှာ ချိတ်ဆက်မှုတွေ မရှိသလောက် နည်းပါးခဲ့ပြီး တိုက်စစ်ပိုင်း အတွဲအဖက်က နားလည်မှုတွေ လိုအပ်နေခဲ့ပါတယ်။

play

 

ကိုလံဘီယာအသင်းကလည်း ဖယ်လ်ကာအို တစ်ဦးတည်းနဲ့ ရုန်းကန်နေခဲ့ရပြီး ကွာဒရာဒို နဲ့ ကွင်တဲရိုးတို့ ပုံမှန်ခြေစွမ်း ရရှိဖို့ ခက်ခဲခဲ့တာကြောင့် ထိရောက်တဲ့ တိုက်စစ်ပုံဖော်မှုမျိုးကို မတွေ့မြင်ခဲ့ရပါဘူး။ ဂျိမ်းစ်ရိုဒရီဂွက်ဇ် မပါဝင်နိုင်တာက ကိုလံဘီယာရဲ့ တိုက်စစ်ကို အင်အား လျော့စေခဲ့ပြီး ကစားကွက်ပိုင်းအရလည်း သိသာသာသာကို အားနည်းခဲ့ပါတယ်။

play

 

ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပြီး ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပွဲကအနည်းငယ် သွက်လာပြီး အင်္ဂလန်က တိုက်စစ်ကို ပိုမိုအားပြုကစားခဲ့ပါတယ်။ စတာလင် သိသာစွာ ခြေစွမ်းပျက်နေခဲ့ပြီး အလီကလည်း ပုံမှန်ခြေစွမ်းအောက်မှာပဲ ရှိနေခဲ့တာကြောင့် ဟယ်ရီကိန်းအတွက် ဂိုးရရှိဖို့ အခွင့်အလမ်းနည်းပါးခဲ့ပါတယ်။ ကိုလံဘီယာကလည်း ဖယ်လ်ကာအိုအတွက် ဂိုးဖန်တီးပေးမှုတွေ မပြုလုပ်နိုင်ခဲ့တာမို့ နှစ်သင်းလုံးဟာ ဂိုးရရှိဖို့ကို ရုန်းကန်နေခဲ့ရပါတယ်။

play

 

အင်္ဂလန်အသင်း ကံကောင်းခဲ့တာကတော့ (၅၇) မိနစ်မှာ ကားလို့စ်ဆန်းချက်ဇ်ရဲ့ မလိုအပ်ပဲ ကြမ်းတမ်းတဲ့ကစားပုံကြောင့် ဟယ်ရီကိန်း လဲကျခဲ့ပြီး ပယ်နယ်တီအဖြစ် ကွင်းလယ်ဒိုင်က သတ်မှတ်ပေးခဲ့တာပါ။ ဒီပယ်နယ်တီကိုတော့ ဟယ်ရီကိန်းက ကမ္ဘာ့ဖလားသွင်းဂိုး (၆)ဂိုး မြောက်အဖြစ် ကန်သွင်းယူခဲ့ပြီး အင်္ဂလန်အသင်းကို ဦးဆောင်စေခဲ့ပါတယ်။

play

 

အနိုင်ဂိုး ရအပြီးမှာ အင်္ဂလန်က ခံစစ်ကို လုံခြုံအောင် ဦးစားပေး ကစားခဲ့ပြီး ကိုလံဘီယာကို အခွင့်အရေးပြန်လည်မပေးရဖို့ ဦးတည်ကစားခဲ့ပါတယ်။ ကိုလံဘီယာတိုက်စစ်ပိုင်း အလုပ်မဖြစ်တာကလည်း အင်္ဂလန်ခံစစ်ကို သက်သာစေခဲ့ပြီး တစ်ပွဲလုံးမှာ ကိုလံဘီယာအနေနဲ့ အပိုင်ဂိုးကန်သွင်းခွင့် မရှိသလောက် ရှားပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုလံဘီယာအတွက် ဒီနှစ်ကမ္ဘာ့ဖလားမှာ ကယ်တင်ရှင်ဖြစ်နေခဲ့တဲ့ နောက်ခံလူ မီနာက နာကျင်အချိန်ပိုမှာ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ပြီး အချိန်ပိုဆက်လက် ကစားခဲ့ရပါတယ်။

play

 

အချိန်ပိုမှာလည်း ဂိုးထပ်မံမသွင်းနိုင်တော့တာကြောင့် ပယ်နယ်တီနဲ့ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ကိုလံဘီယာအသင်းက (၃)လုံးပဲ ဂိုးဝင်ခဲ့ပြီး အင်္ဂလန်ကတော့ (၄)လုံး ဂိုးရရှိခဲ့တာကြောင့် ပွဲအပြီးမှာတော့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အတွက်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး (၃)ကြိမ်မှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲအဖြစ် မကြာခဏ ရင်ဆိုင်နေကျအသင်းဖြစ်တဲ့ ဆွီဒင်အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD