AD
AD
AD

အင်္ဂလန်နဲ့ပွဲမှာ ချေပဂိုး သွင်းယူခဲ့တဲ့ ကိုလံဘီယာနောက်ခံလူ မီနာဟာ ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

play
Photo : FIFA

 

မနေ့က ကစားခဲ့တဲ့ ကိုလံဘီယာ နဲ့ အင်္ဂလန်တို့ရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ကိုလံဘီယာကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။  ကိုလံဘီယာအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် (၂)ကြိမ်ဆက် တက်ရောက်နိုင်မယ့် အိပ်မက်ပျက်ပြယ်ခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : FIFA

 

(၅၇)မိနစ်မှာ ဟယ်ရီကိန်းရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ အင်္ဂလန်အသင်း ဦးဆောင်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ကိုလံဘီယာနောက်ခံလူ မီနာက ချေပဂိုးသွင်းယူခဲ့လို့ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပြီး အရှုံးအနိုင် အဖြေမပေါ်ခဲ့တာကြောင့် ပယ်နယ်တီနဲ့ အဆုံးအဖြတ် ခံယူခဲ့ပြီး အင်္ဂလန်အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play
Photo : FIFA

 

ကိုလံဘီယာအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ နောက်ခံလူမီနာဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃) ဂိုး ရယူနိုင်ခဲ့ပြီး အဆိုပါ (၃)ဂိုး စလုံးကို ခေါင်းတိုက်သွင်းဂိုးတွေကနေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မီနာဟာ ဆီနီဂေါ၊ ပိုလန် အသင်းတို့နဲ့ ကစားခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာလည်း အသင်းအတွက် ခေါင်းတိုက်သွင်းဂိုး တစ်ဂိုးစီ ရယူပေးနိုင်ခဲ့ပြီး အင်္ဂလန်နဲ့ပွဲမှာလည်း ခေါင်းတိုက်သွင်းဂိုး ရရှိခဲ့ပါတယ်။

play
Photo : FIFA

 

ဒါဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်းမှာ (၃)ပွဲဆက်တိုက် နောက်ခံလူတစ်ဦးက ခေါင်းတိုက်သွင်းဂိုးတွေ ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး မီနာအတွက် အသင်းရှုံးပွဲကြုံတွေ့နေရချိန်မှာ ပုဂ္ဂိုလ်ရေးအရ ဂုဏ်ယူဖွယ် မှတ်တမ်းတစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်တန်းကစားသမား တစ်ဦးဖြစ်ပေမယ့်လည်း မီနာကတော့ တိုက်စစ်မှူးတွေထက် သာလွန်တဲ့ ဂိုးအရေအတွက်ကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : FIFA

 

လက်ရှိအချိန်ထိ မီနာဟာ မက်ဆီ၊နေမာ၊ ဂရစ်မန်းဇ်၊ ဆွာရက်ဇ် အစရှိတဲ့ နာမည်ကြီးထိပ်တန်းတိုက်စစ်မှူးတွေထက် သွင်းဂိုး သာလွန်နေတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာ မရရှိလို့ အသင်းကထွက်ခွာဖွယ် ရှိနေတဲ့ မီနာကတော့ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD