AD
AD
AD

ကိုလံဘီယာကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့ အင်္ဂလန်အသင်းသားတွေအနေနဲ့ ဘယ်လိုဖိအားမျိုးရဲ့ အောက်မှာမှ ရှိမနေပါ ဘူးလို့ နည်းပြ ဆောက်ဂိတ်က ကြုံးဝါးပြောဆိုလိုက်ပါတယ်။

play

 

အင်္ဂလန်အသင်းဟာ ပွဲချိန်အတွင်း  တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ထိခံယူခဲ့ရာမှာတော့ အင်္ဂလန်က ၄ လုံး ၀င်ပြီး ကိုလံဘီယာအသင်းကိ ၃ လုံးသာဝင်ခဲ့ပါတယ်။

play

 

၁၉၉၀ ၊ ၁၉၉၈ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းအနေနဲ့ ယခုလို ပင်နယ်တီ အဆုံးအဖြတ်တွေခံယူခဲ့ရာမှာ ကျရှုံးထားခဲ့တာ လည်း ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ပင်နယ်တီ ကျိန်စာဆိုးရဲ့အောက်ကနေ အင်္ဂလန်အသင်း ရုံးထွက်နိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

" အင်္ဂလန်လူမျိုးအားလုံးအတွက်တော့ နေ့ထူးနေ့မြတ်ပါပဲ။အားလုံးရဲ့ အိမ်ပြန်ခရီးတွေ သာသာယာယာရှိခဲ့မယ်လို့ ယူဆပါတယ်။" လို့ ဆောက် ဂိတ်က ပြောခဲ့ပါတယ်။

ကျွန်တော်တို့ အားလုံးက ကိုယ့်သမိုင်းကိုယ်ရေးနေတာဆိုတာ ကစားသမားတွေကို ကျွန်တော်ပြောခဲ့ပါတယ်။လက်ရှိမှာတော့ ကျွန်တော်တို့ဆီ မှာ ဘာဖိအားမှ ရှိမနေပါဘူး။" လို့ ဆောက်ဂိတ်က ဆက်လက်ပြောခဲ့ပါတယ်။

ယခု ကစားခဲ့တဲ့ကိုလံဘီယာနဲ့ပွဲမတိုင်ခင် ၁၉၉၀ မှစတင်ကာ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားရဲ့ ရှုံးထွက်အဆင့်ကို နှစ်ကြိမ်သာ ကျော်ဖြတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၇ ရက်နေ့ ည မြန်မာစံတော်ချိန် ၈ နာရီခွဲအချိန်မှာတော့ အင်္ဂလန်အသင်းက ကွာတားဖိုင်နယ်ပွဲအဖြစ် ဆွီဒင်အသင်းနဲ့ ဆက် လက်ကစားရပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD