AD
AD
AD

နိုင်ဂျီးရီးယားအသင်းခေါင်းဆောင် ဂျွန်အိုဘီမီခေးလ်ရဲ့ ဖခင်ဖြစ်သူဟာ အာဂျင်တီးနား နဲ့ နိုင်ဂျီးရီးယားတို့ရဲ့ အုပ်စုနောက်ဆုံးပွဲ မကစားခင်မှာ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

play
Photo : Sportingnews

 

အာဂျင်တီးနားကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမတိုင်ခင်မှာ ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပြီး ဒါဟာ မီခေးလ်ရဲ့ ဖခင်ဖြစ်သူအနေနဲ့ ဒုတိယအကြိမ်မြောက် ပြန်ပေးဆွဲခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရမှုနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယားအသင်းခေါင်းဆောင်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

play
Photo : Goal

 

"ဒါ ဒုတိယအကြိမ်ပါ၊ ကျွန်တော့်ဖခင်ကို ဆုံးရှုံးသွားရမယ်ဆိုတဲ့ အကြောက်တရားနဲ့ ကျွန်တော် အသက်ရှင်နေရပါတယ်၊ ဒါက အရမ်းကို ထိတ်လန့်စရာကောင်းတဲ့ ကိစ္စပါ" လို့ မီခေးလ်က ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ဖူးတဲ့၊ လက်ရှိ တရုတ်စူပါလိဂ်ကလပ် တီယန်ဂျင်းတန်ဒါ အသင်းမှာ ကစားနေခဲ့ မီခေးလ်ဟာ မိသားစုဝင်တွေရဲ့ ဖုန်းဆက်သွယ်မှုကို ရရှိခဲ့ပါတယ်။

 

ပြန်ပေးသမားတွေရဲ့ ဆက်သွယ်ခိုင်းမှုအရ မိသားစုဝင်တစ်ဦးက မီခေးလ်ကိုဆက်သွယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယားအသင်းသားတွေကို အသိပေးခဲ့ခြင်းမရှိဘူးလို့သိရပြီး အာဂျင်တီးနားနဲ့ ကစားရမယ့် အရေးကြီးပွဲမှာ အာရုံထွေပြားမှု မရှိအောင် ပြောကြားခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

play
Photo : espn

 

ပြန်ပေးသမားများ တောင်းဆိုခဲ့တဲ့ နိုင်ရာ ၁၀သန်းကို မီခေးလ်က ပေးချေခဲ့ရတယ်လို့ သိရပြီး စတာလင်ပေါင် (၂၁၀၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ မီခေးလ်ရဲ့ ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာပြီး မိသားစုနဲ့အတူ လုံခြုံစွာ ရှိနေပြီလည်း ဖြစ်ပါတယ်။ ၂၀၁၁ သြဂုတ်လအတွင်းကလည်း မီခေးလ်ဖခင် ပြန်ပေးဆွဲခံခဲ့ရပြီး အဲဒီအချိန်တုန်းက မီခေးလ်ဟာ ချယ်လ်ဆီးအသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

play
Photo : FIFA

 

၂၀၁၃ ခုနှစ် အာဖရိကဖလားချန်ပီယံ နိုင်ဂျီရီးယားအသင်းသား မီခေးလ်ကတော့ အစိုးရအနေနဲ့ သူတို့ကို ဒီထက်ပိုပြီး လုံခြုံစိတ်ချရတဲ့ စောင့်ရှောက်မှု ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နာမည်ကျော်ဘောလုံးသမားတွေရဲ့ မိသားစုဝင်တွေဟာ ပြန်ပေးသမားတွေရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေခဲ့ပြီး ၂၀၀၈ ခုနှစ်တုန်းကလည်း အဲဗာတန်ကစားသမားဟောင်း ယိုဘိုရဲ့ အစ်ကိုဖြစ်သူလည်း ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD