AD
AD
AD

ကမ္ဘာ့ဖလားဟေ့ဆိုတာနဲ့ တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာအိုးတွေ ခေါင်းတွေတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံး ချာလပတ်လည်ရမ်းနေအောင်ကို လှုပ်ရှားကုန်ကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ရင် သတင်းဌာနတွေ၊ အားကစားမီဒီယာတွေ၊ အားကစားကျွမ်းကျင်သူတွေ ရုပ်သံတွေ၊ ကျွမ်းကျင်ပရိသတ်တွေအားလုံးက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေအကြောင်း၊ နည်းစနစ်တွေ၊ ဒိုင်လူကြီးတွေ၊ ပရိသတ်တွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ရှာဖွေတင်ဆက်လေ့လာဆည်းပူးကြပါတယ်။ ကမ္ဘာပေါ်မှာ ကမ္ဘာ့ဖလားအကြောင်းကို ထုံးလိုချေရေလိုနှောက်နေအောင်သိတဲ့ ပုဂ္ဂိုလ်တွေ သန်းနဲ့ချီပြီး ရှိကြတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားမှာ လူတွေလုံးဝမသိသေးတဲ့ လျှို့ဝှက်ချက်တွေရှိနေသေးတယ်ဆိုရင် ယုံမလား…။

လျှို့ဝှက်ချက်(၁) လိင်မှုကိစ္စ

play

လူသားတိုင်းကြုံတွေ့ခံစားဖူးတဲ့ ကိစ္စရပ်ပါ။ မထူးဆန်းပါဘူး။ ထူးဆန်းတာက ကမ္ဘာ့ဖလားကာလဆိုတာ ဘောလုံးသမားတွေအတွက်တော့ လိင်ကိစ္စနဲ့ပတ်သက်ရင် ငရဲပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်အသင်းအများစုက နည်းပြတွေဟာ ကစားသမားတွေကို ကမ္ဘာ့ဖလားကာလအတွင်း လိင်ကိစ္စကို တင်းတင်းကြပ်ကြပ်တားမြစ်လေ့ရှိပါတယ်။

လိင်ကိစ္စကို တင်းတင်းကြပ်ကြပ်တားမြစ်တဲ့နေရာမှာ နာမည်ကြီးတဲ့နိုင်ငံတွေကတော့ ဂျာမနီ၊ စပိန်၊ မက္ကဆီကိုနဲ့ ချီလီတို့ပါ။ လိင်ကစ္စတားမြစ်မှုကို ကန့်ကွက်ပြီး ကိုယ်တိုင်လည်းမကျင့်သုံးတဲ့ကမ္ဘာကျော်နည်းပြနှစ်ဦးတော့ ရှိပါတယ်။ သူတို့က ဘရာဇီးနည်းပြဟောင်း စကိုလာရီနဲ့ အမေရိကန်နည်းပြဟောင်း ဂျာမနီလူမျိုး ဂျာဂင်ကလင်းစမန်းတို့ပါ။

လျှို့ဝှက်ချက်(၂) ပရိသတ်

play

ကမ္ဘာ့ဖလားကို ပရိသတ်အားပေးမှုများက ပုံမှန်အခြအနေတစ်ခုပါ။ ပုံမှန်မဟုတ်တာက ကမ္ဘာ့ဖလားကို အားပေးတဲ့ ပရိသတ်ဦးရေက ကမ္ဘာ့လူဦးရေရဲ့ ၄၆ရာခိုင်နှုန်းအထိရှိနေတာပါတဲ့။ မယုံဘူးလား။ စစ်တမ်းအရပြောနိုင်တာပါ။ ဖီဖာရဲ့စစ်တမ်းအရ ၂၀၁၀ ကမ္ဘာ့ဖလားကို ကမ္ဘာ့လူဦးရေရဲ့ ၄၆ရာခိုင်နှုန်းအထိ ကြည့်ခဲ့ကြပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တစ်ကမ္ဘာလုံးက ပရိသတ် ၁၁၁.၅သန်းအထိကြည့်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၉၀၉သန်းကြည့်ရှုအားပေးခဲ့ပါတယ်။

 

လျှို့ဝှက်ချက်(၃) ဘီယာ

play

ကမ္ဘာ့ဖလားနဲ့ဘီယာဆိုတာ ခွဲမရတဲ့ သူငယ်ချင်းတွေပါ။ လူတွေက ကမ္ဘာ့ဖလားကြည့်ပြီး ဘီယာလေးစုပ်ချင်တတ်ကြတာကိုး။ ကမ္ဘာ့ဖလားက ဘီယာအရောင်းရဆုံးပွဲတော်တဲ့။ တကယ်ကြီးလား မသိဘူးနော်။

၂၀၁၀ကမ္ဘာ့ဖလားမှာ ကွင်းအတွင်း ဘီယာရောင်းချရမှုနှုန်းက လီတာခုနှစ်သိန်းခွဲအထိရှိတယ်တဲ့။ ကမ္ဘာ့ဖလားပွဲလာအားပေးတဲ့ပရိသတ် လေးသိန်းလောက်က ဘီယာ လီတာသုံးသန်းကျော်အထိ အားပေးထားကြပါတယ်။ ဒါပေမယ့် အမူးလွန်မှာ စိတ်မပူပါနဲ့။ သူတို့က ဟော့ဒေါ့ ၃၉၀,၆၀၀ ကိုလည်း ပြန်စားခဲ့ပါသေးတယ်။

 

လျှို့ဝှက်ချက်(၄) ကလေးမွေးဖွားနှုန်း

play

ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအနေနဲ့လက်ခံကျင်းပပြီးရင် အဲ့ဒီနိုင်ငံမှာ ကလေးမွေးဖွားနှုန်းမြင့်တက်လာခဲ့ပါတယ်။ ဝိုး……… ဘာကြောင့်များလဲ။

အဖြေကတော့ နှစ်ချက်တည်းပါ။ ဘီယာနဲ့ အပျော်ကြူးမှုတွေကြောင့်တဲ့။ ကမ္ဘာ့ဖလားမှာ ဘီယာသောက်တယ်။ နိုင်ငံစုံကလူမျိုးစုံလာတဲ့အတွက် ပါတီတွေများတယ်။ ဒီတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ဖို့လွယ်ကူလာတယ်တဲ့။ (ဘာမှလည်းမဆိုင်ဘူးနော်..)

၂၀၀၆ကမ္ဘာ့ဖလားအပြီးမှာ ဥရောပရဲ့ကလေးမွေးဖွားနှုန်းနိမ့်တဲ့ နိုင်ငံတွေတဲ့ပါဝင်တဲ့ ဂျာမနီမှာ ပြိုင်ပွဲအပြီး ကိုးလအကြာမှာ ကလေးမွေးနှုန်း ၁၀ရာခိုင်နှုန်းအထိ ထိုးတက်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD