AD
AD
AD

ကိုလံဘီယာအသင်းရဲ့တိုက်စစ်မှူး ဖယ်လ်ကာအိုဟာ အင်္ဂလန်နဲ့ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အမေရိကန်လူမျိုး ကွင်းလယ်ဒိုင် မာ့ခ်ဂိုက်ဂါကို အင်္ဂလန်အသင်းဘက်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာဟာ ဘက်လိုက်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

play

 

ကိုလံဘီယာအသင်းနဲ့အင်္ဂလန်အသင်းတို့ပွဲစဉ်မှာ ပြစ်ဒဏ်ကျူးလွန်မှု ၃၆ ကြိမ်ရှိခဲ့ပြီး ကိုလံဘီယာအသင်းက ၂၃ ကြိမ်အထိ ရှိခဲ့ပါတယ်။ ယင်းအပြင် ကွင်းလယ်ဒိုင် ပြသခဲ့တဲ့ အဝါကတ် ၈ ကတ်မှာ ကိုလံဘီယာအသင်းက ၆ ကြိမ်အထိ ပြသခံခဲ့ရတာလည်းဖြစ်ပါတယ်။ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုက မိမိတို့အသင်းသားတွေအားလုံး ယင်းပွဲစဉ်ကို တရားမျှတမှုရှိတယ်လို့ မခံစားရဘဲ အင်္ဂလန်အသင်းကို ကွင်းလယ်ဒိုင်က မျက်နှာသာပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

play

 

၅၄ မိနစ်မှာ အင်္ဂလန်အသင်းက ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး ကန်တင်လိုက်တဲ့ဘောလုံးကို ဟယ်ရီကိန်းက ခေါင်းတိုက်ဖို့ကြိုးပမ်းရာမှာ ကားလို့စ်ဆန်းချက်ဇ်က တွန်းလှဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အင်္ဂလန်အသင်းကို ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ယင်းပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်းမရှိကန်သွင်းယူပြီး အဖွင့်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

"ဒီလိုပွဲစဉ်မျိုးမှာ သူတို့တွေ အမေရိကန်ဒိုင်ကို ကိုင်တွယ်ခိုင်းတယ်ဆိုတာ ပုံမှန်မဟုတ်ဘူးဆိုတာ ကျွန်တော် တွေ့ခဲ့တယ်"

"အမှန်အတိုင်း ခင်ဗျားကို ပြောရမယ်ဆိုရင် ဒီပွဲစဉ်တစ်ခုလုံးမှာ သံသယဖြစ်စရာတွေ အများကြီးရှိနေခဲ့တယ်။ သူ အင်္ဂလိပ်လိုပဲ စကားပြောခဲ့ပြီး တချို့ကိစ္စတွေမှာ ဘက်လိုက်ခဲ့တယ်ဆိုတာ သေချာပါတယ်"

"ကွင်းလယ်ဒိုင်က ကျွန်တော်တို့ကို အများကြီး အနှောင့်အယှက်ပေးခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ၅၀-၅၀ ကစားနေတဲ့အချိန်မှာ အင်္ဂလန်အသင်းဘက်ကို မျက်နှာသာပေးပြီး ကျွန်တော်တို့ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ခေါ်ခဲ့ပါတယ်"

"ဒီအခြေအနေက ကျွန်တော်တို့ကို ထိခိုက်စေခဲ့ပါတယ်။ နှစ်သင်းစလုံးကို တူညီတဲ့သတ်မှတ်ချက်မျိုး သူ မပြုမူခဲ့ပါဘူး"

"သံသယတွေဖြစ်နေတဲ့အချိန်မှာ သူ အင်္ဂလန်အသင်းဘက်ကိုပဲ အမြဲတမ်းအသာပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဒီလိုတွေဖြစ်ခဲ့တာဟာ ရှက်ဖို့ကောင်းပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အမေရိကန်ကွင်းလယ်ဒိုင် မာ့ခ်ဂိုက်ဂါဟာ ယခုလိုစွပ်စွဲမှုမျိုး စွပ်စွဲခံရတာဟာ ပထမအကြိမ်မဟုတ်ဘဲ ကမ္ဘာ့ဖလားအုပ်စုအဆင့် ပေါ်တူဂီအသင်းက မော်ရိုကိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တုန်းကလည်း မော်ရိုကိုအသင်းရဲ့ကစားသမား နော်ဒင်အမ်မရာဘတ်က မာ့ဂိုက်ဂါ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဝတ်စုံကို တောင်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD