AD
AD
AD

မက္ကဆီကိုအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နေမာရဲ့ ဟန်ပန်အမူအရာတွေအပေါ် အဆိုပါ ပွဲကြည့်ရှုခဲ့ကြတဲ့သူတွေက အမျိုးမျိုး ဝေဖန်နေ ကြပါတယ်။

play
Photo - Marca

 

အဆိုပါ ပွဲမှာ အသင်းရဲ့ ကွာတားဖိုင်နယ်တက်ရောက်ရေးအပေါ် နေမာ အစွမ်းကုန်ပေးဆပ်ခဲ့သူဖြစ်ပေမယ့်လည်း ပွဲချိန်အတွင်း မက္ကဆီကို ကစားသမားတွေနဲ့လည်း ဆေးကုသနေချိန် နာကျင်ဟန်လုပ်မှုတွေက ပရိသတ်တွေကို သတိထားမိစေခဲ့တာ ဖြစ်ပါတယ်။

play
Photo - Marca

 

" နေမာက တစ်ကယ်တော့ လူတွေကို ငိုအောင်လုပ်ပြနိုင်သလို ရယ်အောင်လည်း လုပ်ပြနိုင်ခဲ့တာပါ။မက္ကဆီကို ကစားသမားတစ်ဦးက သူ့ခြေ ထောက်ကို တက်နင်းခဲ့ချိန်မှာ ကျွန်တော် ငိုတောင်ငိုချင်ခဲ့ပါတယ်။ဒါပေမယ့် ဘောလုံးနဲ့အတူ သူကစားချိန်မှာတော့ ကျွန်တော် ရယ်ချင်ခဲ့ပြန် ပါတယ်။" လို့ အာဂျင်တီးနား ဂန္တ၀င် မာရာဒိုနာက ပြောခဲ့ပါတယ်။

play
Photo - Marca

 

အဆိုပါ ၁၆ သင်းအဆင့်ပွဲစဉ်တစ်ပွဲလုံးအပေါ်မှာတော့ မာရာဒိုနာက ပွဲကောင်းတစ်ပွဲလို့ မှတ်ချက်ပေးခဲ့ပြီး ကြည့်ရတာလည်း ပျော်ရွှင်စေခဲ့တယ် လို့ ပြောခဲ့ပြန်ပါတယ်။

"ကျွန်တော် အင်မတန်တောင့်တင်းတဲ့ ဘရာဇီးကို မြင်တွေ့ခဲ့ရပါတယ်။ဒီအခြေအနေနဲ့ဆို ချန်ပီယံဆုအတွက် ကောင်းကောင်းကြီးစိန်ခေါ်နိုင်ပါ တယ်။နောက်ပြီး နည်းပြ တီထီကိုလည်း ချီးကျူးပါတယ်။အသင်းကို အကောင်းဆုံး လေ့ကျင့်ပေးထားတာတွေ့ရမှာပါ။ဒီအတွက် မက္ကဆီကို အသင်းဘာမှ မေးစရာရှိလိမ့်မယ်မယ်လို့တောင် မထင်ပါဘူး။" လို့မာရာဒိုနာက ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ၁၆ သင်းအဆင့်ကနေ လက်ပြခဲ့ရတဲ့ မိမိရဲ့ အာဂျင်တီးနားအသင်းကိုလည်း တစ်ကျော့ပြန်နည်းပြအဖြစ် ပြန်လည်ကိုင် တွယ်ချင်သေးကြောင်းနှင့်ဒီတစ်ကြိမ်တော့ လုပ်ခ မယူပဲ ဖရီး လုပ်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။

ဘရာဇီးအသင်းကတော့ ကွာတားဖိုင်နယ်မှာ ရွှေရောင်မျိုးဆက်နဲ့ ဘယ်လ်ဂျီယံ အသင်းကို ရင်ဆိုင်ကစားရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD